ကြက်ခြေထောက်အချဉ်စိမ်
-------------------------------
ပါဝင်ပစ္စည်းများ
ကြက်ခြေထောက် - ၁၂
ချောင်း
ရှလကာရည် - ၁ဝဝ ဂရမ်
ဆား - ၃၀ ဂရမ်
သကြား - ၅၀ ဂရမ်
ရေ - ၅ဝဝ ဂရမ်
ငရုတ်ကောင်းစေ့ -
စားပွဲဇွန်း ၁ ဇွန်း
ဝှားကျောင်း -
စားပွဲဇွန်း ၁/၂ ဇွန်း
ငရုတ်သီးနီ - ၁၀ တောင့်
ကြက်သွန်ဖြူ - ၈
တက်ခန့်
ကြက်သားမှုန့် -
အနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်
ကြက်ခြေထောက်ကို
သေချာသန့်စင်ပြီး ကြက်သားမှုန့် အနည်းငယ်ဖြင့် ၂၀ မိနစ်ခန့်ပြုတ်ပေးပါ။ ပြီးလျှင်
ပြုတ်ထားတဲ့ ကြက်ခြေထောက်များ ကို ရေခဲရေထဲမှာ အေးသွားသည်အထိ စိမ်ထားပေးပါ။
အချဉ်ရည်လုပ်ရန်အတွက် ဒယ်အိုးထဲမှာ ကျန်ပါဝင် ပစ္စည်းများကိုထည့်ပြီး ၃ မိနစ်ခန့်
ကျိုပေးပါ။ ပြီးလျှင် အအေးခံပြီး အနွေးဓာတ် အနည်းငယ်ကျန်တဲ့အချိန် မှာ
အဖုံးပါဘူးတစ်ဘူးထဲမှာ ကြက်ခြေထောက်များ ဖြင့် ရောစိမ်ထားပေးပါ။ အချဉ်စိမ်ထားသော
ကြက် ခြေထောက်များ လုံးဝအေးသွားပြီဆိုမှသာလျှင် အဖုံးလုံအောင်ပိတ်ပြီး
ရေခဲသေတ္တာထဲမှာ ၄ ရက်သို့ ၇ ရက်ခန့် ထားပေးပါ။ အချိန်ကြာကြာထားနိုင်ရင်
အရသာပိုကောင်းပါသည်။
------------------------------
Credit
Eant Wint Htut
Follow Us
Were this world an endless plain, and by sailing eastward we could for ever reach new distances