Cook tutor
Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.
Showing posts with label အသုတ်. Show all posts
ရခိုင်သင်္ဘောသီးထောင်း ... (ပဒဂါသီးသုပ်) .... လုပ်နည်း - သင်္ဘောသီးကို အခွံခွါ သေချာရေဆေးပြီး အောက်က ရေစလုံကြီးခံပြီး အတုံးသေးတွေဖြစ်အောင် ...
ရခိုင်သင်္ဘောသီးထောင်း ... (ပဒဂါသီးသုပ်) ....
လုပ်နည်း - သင်္ဘောသီးကို အခွံခွါ သေချာရေဆေးပြီး အောက်က ရေစလုံကြီးခံပြီး အတုံးသေးတွေဖြစ်အောင် ပေါက်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီး အစိမ်း / အခြောက် (မိမိကြိုက် နှစ်သက်တာကိုရွေးပါ) ကို စိမ်းစားငပိထည့်ပြီး ထောင်းပေးပါ ..... ငရုတ်သီး အခြောက်ဆိုရင်တော့ မီးကင်ပေးစရာမလိုပေမယ့် ငရုတ်သီးအစိမ်းဆိုရင်တော့ မီးကင်ပေးပါ ..... ငရုတ်ကောင်းထည့်ပေးပါ ..... ပြီးရင် ရောနယ်ရုံပါပဲ ...... မကျည်းသီးနှစ် ကောင်းကောင်း ထည့်ပေးရပါမယ် ... အပေါ့ အငန် အချို အချဉ် က မိမိကြိုက်သလောက်ကို ထည့်ပေးပါ ... မကျည်းသီး အစိမ်းကို ငရုပ်သီးထောင်းချိန်မှာ တပါတည်း ထည့်ထောင်းပြီး သုပ်ရင်လည်း ရပါတယ် ......
ရေကြက်သုတ် (ကင်းမွန်သုတ်)   ရေကြက်သုတ် (ကင်းမွန်သုတ်) သုပ်နည်း -   ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည်လွှာ၊ ခေါင်းပေါ်က လက...
သုပ်နည်း -
 ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည်လွှာ၊ ခေါင်းပေါ်က လက်ချောင်းတွေရဲ့ အလယ်က အလုံးလေး နဲ့ မျက်လုံးတွေ ထုတ်လိုက်ပါ ... အရေခွံ ခွါလိုက်ပါ ... ပြီးရင် သေချာဆေးပြီး ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးထဲထဲ့ပြီး ၅မိနစ် ကျက်အောင် ပြုတ်ပေးပါ ... ငရုတ်သီးစိမ်းနဲ့ ငပိစိမ်းစားအနည်းငယ်ကို မီးကင်ပေးပါ ... ပြီးရင် မီးကင်ထားတဲ့ ငရုတ်သီးနဲ့ ငပိစိမ်းစားကို ကြက်သွန်ဖြူလေး ထည့်ထောင်းပေးပါ ... ပြုတ်ထားတဲ့ ကင်းမွန်ကို ကပ်ကျေးလေးနဲ့ အတုံးလေးတွေ ညှပ်လိုက်ပါ ... ပြီးရင် အဆင်သင့်ထောင်းထားပြီးတဲ့ ငရုပ်သီး ငပိထောင်းနဲ့ ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်ပြီး ရောနယ်လိုက်ပါ ... သံပုရာသီးညှစ်ထည့်ပြီး ... အချို အငန် မြည်းပါ ... နံနံပင်ဖြူးလိုက်တယ် ဆိုရင်ပဲ ငပိမီးကင်နံ့လေး ၊ ကြက်သွန်ဖြူနံ့ ၊ သံပုရာသီး နဲ့ နံနံပင်နံ့လေး ရောသမမွှေပြီး ထွက်လာတဲ့ မွေးရနံ့က ခံတွင်းပျက်နေသူကိုတောင် စားကောင်းအောင် ဆွဲဆောင်သွားပါလိမ့်မယ် ...... တချို့က ငရုတ်ကောင်းလေးပါ ထည့်စားတတ်ပါတယ် .....
ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ် ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန်အခြောက် မီးဖုတ်သုပ်) ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ...
ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ် ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန်အခြောက် မီးဖုတ်သုပ်)
ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ကို စို့လေးနဲ့ တစ်လုံးလုံး နေရာအနှံ့ထိုးပေးပါ ..... ပြီးရင်တော့ မီးသွေးမီးဖိုထဲ ထည့်ပြီး ဟိုဘက် ဒီဘက် ပြန်လှန် ဖုတ်လိုက်ပါ .... ငါးတံခွန် အကောင်သေးကို သေချာ ပွတ်တိုက်ပေးပြီး ကြွပ်လာအောင်ထိ မီးဖုတ် / ကင်ပေးပါ ..... ပြီးရင် မိမိနှစ်သက်သလောက် ငရုတ်သီးစိမ်း နဲ့ ငပိစိမ်းစားလေး နည်းနည်း မီးကင်ပေးထားပါ ..... ခရမ်းသီး မွှေးပြီး အိလာပြီဆိုရင် ထုတ်ပြီး ရေနဲ့ ပွတ်ဆေးပေးလိုက်ပါ .... အပေါ်အရေခွံခွါပေးပါ .... ပြီးရင် ဇလုံတစ်ခုထဲထည့်ပြီး ခြေပေးပါ .... ငါးတံခွန် ကြွပ်လာပြီဆိုရင် ရေနဲ့ ပွတ်ဆေးပေးပြီး (ရေသွန်ပြီး မဆေးပါနဲ့၊ အီသွားမှာ စိုးလို့ပါ) သေးသေးလေးတွေ ပိုင်း ၊ ခရမ်းသီး ဇလုံထဲ ထည့်ပေးပါ ....
မီးကင်ထားတဲ့ ငရုတ်သီး နဲ့ ငပိကို ဂျင်းအနည်းငယ် ထည့်ထောင်းပေးပါ (ဂျင်းမထည့်ဘဲလည်း စားကြပါတယ်) .... ကြိုက်တတ်ရင် ကြက်သွန်ဖြူထည့်ထောင်းပေးပါ ..... (ထည့်လေ့ထည့်ထတော့ မရှိသလောက်ပါပဲ) .... ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ..... ပြီးရင်တော့ ခရမ်းသီးနဲ့ ငါးခြောက်ထည့်ထားတဲ့ ဇလုံထဲကို ငရုတ်သီးထောင်း ၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပေးပြီး အချို အငန် မိမိသဘောကျထည့် ရောနယ်ပေးပါ .... မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ .... နောက်ဆုံး နံနံပင်အုပ်ပေးလိုက်ရင် မီးဖုတ်နံ့ သင်းသင်းလေးနဲ့ မွှေးအိနေတဲ့ ခရမ်းသီး ငါးတံခွန်သုပ်ကို ရပါပြီတဲ့ရှင် .......
ဝချိုင့်သီးထောင်း (ဂွေးသီးထောင်း) ဝချိုင့်သီးကို အခွံခွါ သေချာဆေးပေးပါ ..... ပြီးရင်တော့ အတုံးသေးလေးတွေ တုံးပြီး ရေစိမ်ထားပါ ...... ငရု...
ဝချိုင့်သီးထောင်း (ဂွေးသီးထောင်း)
ဝချိုင့်သီးကို အခွံခွါ သေချာဆေးပေးပါ ..... ပြီးရင်တော့ အတုံးသေးလေးတွေ တုံးပြီး ရေစိမ်ထားပါ ...... ငရုတ်သီးစိမ်း မီးကင် ပြီး ငပိလေးနဲ့ ထောင်းပေးပါ ...... အဆင်သင့်အတုံးလေးတွေတုံးထားတဲ့ ဝချိုင့်သီးကို ထည့်ထောင်းပေးပါ ...... ကြိုက်တတ်ရင် ငရုတ်ကောင်းထည့်ပေးပါ ...... အနံ့လေး မွှေးပါတယ် ....... အချို အငန် မိမိကြိုက်သလိုထည့်ပါ ...... ပြီးပြီဆိုရင်တော့ ခွက်လေးမှာထည့် ထမင်းပူပူလေးနဲ့ ရေနွေးကြမ်းလေးနဲ့ ဆို အရမ်းစားကောင်းပါတယ် ......
ငမန်းခြောက် သုပ် ......... ပြုလုပ်ပုံ ငမန်းခြောက်ကို သေချာ ရေဆေးပြီး အချိန်တော်တော်ကြာအောင်ပြုတ်ပေးပါ .... အသားလေးတွေ ပျော့သွားပြီ ဆိ...
ငမန်းခြောက် သုပ် .........
ပြုလုပ်ပုံ
ငမန်းခြောက်ကို သေချာ ရေဆေးပြီး အချိန်တော်တော်ကြာအောင်ပြုတ်ပေးပါ .... အသားလေးတွေ ပျော့သွားပြီ ဆိုရင် အရေခွံမှာပါတဲ့ သဲလိုအရာလေးတွေ သေချာ ပွတ်ပြီး ဆေးပေးပါ ... ပြီးရင် အသားလေးတွေ ခြွေထားပါ ... ငရုတ်သီးစိမ်း ၊ စိမ်းစားငပိ မီးကင် ပြီး ထောင်းပါ ... ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းပါ ထည့်ပေးရမှာ ဖြစ်ပါတယ် ... ကြက်သွန်နီ ပါးပါးလှီးပြီး ခြွေထားတဲ့ငါးခြောက်ပြုတ်အသားလေးတွေ ငရုတ်သီး ငပိထောင်းရယ် သံပုရာသီးရယ်ထည့်ပြီး ရောနယ်ရမှာ ဖြစ်ပါတယ် ... ချဉ် ငံ မြည်းပြီး အရသာအကြိုက်တွေ့သွားပြီ ဆိုရင် နံနံပင်လေး အုပ်ပေးလိုက်ပါ .................................
ငနီတူလှော် ရခိုင်သုပ် ... ချက်နည်း .... ငနီတူ အကောင်သေးလေးကို သေချာကြွပ်နေအောင်လှော်ထားပါ ... ငရုပ်သီးစိမ်း နဲ့ ရခိုင် စိမ်းစားငပိကို...
ငနီတူလှော် ရခိုင်သုပ် ...
ချက်နည်း ....
ငနီတူ အကောင်သေးလေးကို သေချာကြွပ်နေအောင်လှော်ထားပါ ... ငရုပ်သီးစိမ်း နဲ့ ရခိုင် စိမ်းစားငပိကို မီးကင်ပြီး ကြက်သွန်ဖြူ၊ ငရုပ်ကောင်းလေးထည့်ပြီး ထောင်းပါ ... ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး သုပ်ပါ ... အချို အငံမြည်းပြီးရင် သံပုရာသီး ညှစ်ထည့်ပါ ... နောက်ဆုံးမှ နံနံပင်လေး အုပ်ပေးလိုက်ပါ ... ဒါဆိုရင် ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ ငနီတူလှော် ရခိုင်သုပ်လေး ရပါပြီ ....
ဝက်နားရွက်သုပ် ............ ဝက်နားရွက်ကို အမျိုးမျိုးသုပ်စားကြပါတယ် ....... သခွါးသီးပါးပါးလှီး ၊ ငရုတ်ဆီနဲ့စပ်ထားတဲ့အချဉ်ရည် ၊ ခရမ်းချဥ...
ဝက်နားရွက်သုပ် ............
ဝက်နားရွက်ကို အမျိုးမျိုးသုပ်စားကြပါတယ် ....... သခွါးသီးပါးပါးလှီး ၊ ငရုတ်ဆီနဲ့စပ်ထားတဲ့အချဉ်ရည် ၊ ခရမ်းချဉ်သီးနည်းနည်းထည့် ပြီး ငရုတ်သီးအကျက်မှုန့်လေးနဲ့ သံပုရာချဉ်လေးနဲ့လည်း သုပ်စားကြသလို ငရုတ်သီးစိမ်း၊ ငပိမီးကင်ပြီးလည်း အရင်တစ်ခါပေးခဲ့တဲ့ ဝက်အူမကြီးသုပ်နည်းလိုမျိုးလည်း သုပ်စားကြပါတယ် ....... ဒီတစ်ခေါက်တော့ ဝက်အူမကြီးသုပ်နည်းလို သုပ်ထားတာကို အရင်ပေးပါ့မယ် ...... နောက်တစ်ခါကျမှ သခွါးသီး ၊ ငရုတ်သီးအကျက်မှုန့်လေးနဲ့ သုပ်တဲ့နည်းကို ပေးပါမယ် ............. ဝက်နားရွက်ဟာ အဆီအသား သိပ်မပါဘဲ အကြောနုလေးတွေသာဖြစ်တဲ့အတွက် စားရတာ အီမသွားဘဲ အရသာရှိပါတယ် ........
ဝက်နားရွက်ကို မသုပ်ခင်မှာ သေချာ အထပ်ထပ်ဆေးပေးဖို့လိုပါတယ် ..... အမွှေးလေးတွေပါလာရင် သေချာနှုတ်ပေးရမှာပါ ...... သန့်စင်ပြီးသား ဝက်နားရွက်လေးကို ဝယ်တာက ပိုအဆင်ပြေပါတယ် ..... ဆားတွေ ၊ ဆနွင်းမှုန့်တွေနဲ့ ဆေးတဲ့အပြင်ကို ရေနွေးနဲ့ပါ သေချာအထပ်ထပ် ဆေးပေးရမှာပါ .......
ဆေးပြီးသား ဝက်နားရွက်ကို ဂျင်း၊ ငါးငံပြာရည်အကြည်နဲ့ နယ်ပြီး သေချာပြုတ်ပေးပါ ....... ရေနွေးကို ဆူရုံမက မိနစ် ၄၀ လောက် ပြုတ်ပေးရမှာပါ ....... ကျက်ပြီဆိုတဲ့အခါမှ ဆယ်ပြီး သုပ်ဖို့ အတုံးသေးလေးတွေ ညှပ်ပေးပါ ....... ငရုတ်သီးစိမ်းနဲ့ မျှင်ငပိလေးကို အိုးကင်းလေးထဲထည့်ပြီး လှော်ပေးပါ ....... ပြီးရင်တော့ လှော်ထားတဲ့ ငရုတ်သီး ၊ ငပိကို ကြက်သွန်ဖြူလေးထည့်ပြီး ထောင်းပေးပါ ...... ကြက်သွန်နီ ပါးပါးလှီးထားပါ ....... နံနံပင်ပါရေဆေးပြီး လှီးထားပေးပါ .....
သခွါးသီး ရခိုင်သုပ် ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ ............. ချက်နည်း ............. သခွ...
သခွါးသီး ရခိုင်သုပ်
ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ .............
ချက်နည်း .............
သခွါးသီးကို ရေဆေးပြီး နှစ်ခြမ်းခြမ်းပေးပါ ....... 
အစေ့နဲ့ အူတွေကို ဖယ်ပေးပါ ......
. ပြီးရင်တော့ သခွါးသီးအသားကို အမျှင်သိပ်မထူစေဘဲ သေချာခြစ်ပေးပါ .......
 ကြက်သွန်နီ ပါးပါးလှီးပေးထားပါ ......
ငရုတ်သီး ၊ ငပိ မီးကင်ပြီး ထောင်းပေးပါ ......
. ပြီးရင်တော့ ခြစ်ထားတဲ့ သခွါးသီး ၊ လှီးထားတဲ့ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ငရုတ်သီးငပိထောင်းကို ရောနယ်ပေးပါ ....... အပေါ့ အငံ မိမိကြိုက်သလိုထည့်ပေးပါ .......
 သံပုရာသီး ညှစ်ပေးပါ ..........
နောက်ဆုံးမှာ အဖြူရောင် နံနံပင် ပင်ပေါက်လေးကို ထည့်လေ့ ရှိပါတယ် .....
 ချဉ် ငံ စပ် အရသာနဲ့ သခွါးသီးရခိုင်သုပ်လေးကို ရပါပြီရှင် .........
ဒီမှာ နံနံပင်ပေါက် ရှာမရလို့ နံနံပင်အကြီးကို သုံးလိုက်ရပါတယ် ............
ငါးသရွဲခြောက် မီးဖုတ်သုပ် .............. ပြုလုပ်ပုံ ငါးသရွဲခြောက်လေးတွေကို မီးဖုတ် (သို့) လှော်ပေးပါ ......  အရောင်လေး ရဲရဲလေးဖြစ်ပြ...
ငါးသရွဲခြောက် မီးဖုတ်သုပ် ..............
ပြုလုပ်ပုံ
ငါးသရွဲခြောက်လေးတွေကို မီးဖုတ် (သို့) လှော်ပေးပါ ...... 
အရောင်လေး ရဲရဲလေးဖြစ်ပြီး မာတောင့်တောင့်လေးနဲ့ ကြွပ်လာပြီဆိုရင်တော့ ထုတ်ပေးလို့ရပါပြီ ...... 
မီးဖုတ်ထားတယ်ဆိုရင်တော့ ပြာလေးတွေစင်ရုံ ရေနဲ့ ပွတ်ပေးပါ .....
 ပြီးရင် အနေတော်လေးတွေ ဖြတ်ထားပေးပါ ...... 
ငရုတ်သီး ငပိနည်းနည်းလေး (တကယ့်နည်းနည်းလေး) ကို မီးကင်ပေးပါ .....
 ကြက်သွန်နီ ပါးပါးလှီးထားပါ .....
 ငရုတ်သီးနဲ့ ငပိမီးကင်ကို ကြက်သွန်ဖြူ တစ်မွှာလောက်ထည့်ပြီး ထောင်းပေးပါ ..... 
ငရုတ်ကောင်းနဲ့ ကြိုက်ရင် ထည့်ထောင်းပေးပါ .....
 ပြီးရင် သုပ်မယ့်ခွက် ၊ ပန်းကန်ထဲကိုထည့်ပြီး ငရုတ်သီးငပိထောင်းရယ် ငါးသရွဲခြောက်ရယ် ကြက်သွန်နီရယ်ကို ရောနယ်သုပ်ပေးရုံပါပဲ ......
 ဆား ၊ အရသာမှုန့် ကြိုက်နှစ်သက်သလို ချိန်ဆထည့်ပါ ..... 
သံပုရာရည်ညှစ်ပေးပါ ....... 
နံနံပင်ပါးပါးလှီးပြီး ထည့်ပေးပါ ..........
ဟုတ်ကဲ့ ဆီလုံးဝမပါတဲ့ ချဉ် ငံ စပ် အရသာလေးနဲ့ ငါးလှော်နံ့မွှေးမွှေးလေး ကြက်သွန်ဖြူ သံပုရာရနံ့လေးတွေနဲ့ သဘာဝစစ်စစ် ငါးသရွဲခြောက်သုပ်ကို ရပါပြီ။
မုန့်တီ အာပူလျှာပူသုပ် (ရခိုင်သုပ်) အာပူလျှာပူအတွက် ငရုတ်ချက်ချက်နည်းကို ရခိုင်မုန့်တီချက်နည်းမှာ ရေးပေးပြီးသားပါ ...... ဒီနေရာမှာ...
မုန့်တီ အာပူလျှာပူသုပ် (ရခိုင်သုပ်)
အာပူလျှာပူအတွက် ငရုတ်ချက်ချက်နည်းကို ရခိုင်မုန့်တီချက်နည်းမှာ ရေးပေးပြီးသားပါ ...... ဒီနေရာမှာ ပြန်ပြီး အကျဉ်းချုံးရေးပေးပါမယ် ........ ရခိုင်မုန့်တီအရည်ချက်ဖို့ ငါးရွှေကိုပြုတ် ၊ အသားနွှင်ပေးပြီး အရည်အထပ်ထပ်ညှစ်ထားတဲ့ ငါးမှုန့်တွေကို ပြန်သုံးတဲ့အခါ ငရုတ်သီးအနှစ်ချက်ဖို့ နည်းနည်းချန်ထားပေးခဲ့ပါ ......... ရခိုင်သုပ် နဲ့ လျှာပူ အာပူအတွက်တော့ ငရုတ်သီးစိမ်းကို ပြုတ်ထားပေးပါ ... ပြီးရင်ထောင်းလိုက်ပါ ... ကြက်သွန်ဖြူနည်းနည်း၊ နောက်ဆုံးကျန်တဲ့ ငါးအသားဖတ်ကိုထည့်၊ ဟင်းချိုနည်းနည်းခပ်ထည့်ပြီးချက်လိုက်ပါ ....... ငရုတ်ကောင်းနည်းနည်းထည့်ပေးပါ ........
ပြုလုပ်ပုံ
မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ ......
ချက်ထားတဲ့ငရုတ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ .......
ရခိုင်အာပူသုပ်မှာ ဆီကျက်လုံးဝမထည့်ပါ ......
(တချို့တလေလောက်သာ ဆီကျက်ထည့်ပြီးလည်း စားကြပါတယ်) ............
မကျည်းနှစ် ရေဖျော်နည်းနည်းထည့်ပါ ......
အပေါ့အငံ မြည်းပြီး ထည့်ပေးပါ ......
ကြက်သွန်စိမ်းပါးပါးလှီးထည့်ပါ ......
ငဖယ် ၊ ဝက်ဆီဖတ် ၊ ပဲကြော် ကြိုက်နှစ်သက်ရာနဲ့ ထည့်ပြီး သုပ်ပေးနိုင်ပါတယ် .....
ရခိုင် အာပူလျှာပူသုပ်ဟာ ငါးနဲ့ချက်ထားတဲ့ ငရုတ်သီးကိုအဓိကထားပြီး ချဉ် ငံ စပ်လေးသုပ်စားကြတာဖြစ်ပါတယ်
နောက်ဆုံး အနံ့လေးသင်းအောင် သံပုရာလေးနည်းနည်း ညှစ်ထည့်လိုက်ပါ ........
ပြီးရင်တော့ နံနံပင်လေး အုပ်လိုက်ပါ .....
စစ်တွေဘက်မှာ နံနံပင် ပင်ပေါက်ဖြူဖြူလေးတွေကို ပိုသုံးကြပါတယ် .......
ရခိုင်မုန့်တီ ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ဖျားနေ ၊ အစားပျက်နေ ၊ အအေးမိ နှာစေးနေတာတွေ ချက်ချင်းပွင့်ထွက်ပြီး လန်းသွားစေမယ့် အစားအစာပါပဲ .........
ရခိုင်မုန့်တီဆိုတာ ရခိုင်တွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပါပဲ .........................
မရမ်းသီးသုပ်။ ပါဝင်ပစ္စည်း မနုလွန်းး မရင့်လွန်းတဲ့ မရမ်းသီး တဆယ်သား အညှောင့်ဖယ် အစေ့ထုတ် ပါးပါးလှီး ဆေးပြီးရေစစ် ထားပါ။ ကြက်သွန်နီတဆ...
မရမ်းသီးသုပ်။
ပါဝင်ပစ္စည်း
မနုလွန်းး မရင့်လွန်းတဲ့ မရမ်းသီး တဆယ်သား
အညှောင့်ဖယ် အစေ့ထုတ် ပါးပါးလှီး ဆေးပြီးရေစစ် ထားပါ။
ကြက်သွန်နီတဆယ်သား လှီး ဆေးပြီးရေစစ်ထား ။
ပုဇွန်ခြောက်မှုန့် စတီးဇွန်းတဇွန်။
း မြေပဲမှုန့် တဇွန်း။
 ပဲမှုန့်ဇွန်းဝက်။
 ငြုတ်သီးစိမ်း ဆယ်တောင့်လောက်ပါးပါးလှီးပြီး။
ထည့်ဖုတ်ပြီးသား ငပိ ဇွန်းသေးတဇွန်းစာမရှိတရှိ။
 ငြုတ်သီးမှုန့်စားနိုင်သလောက်။
ငံပြာရည် စတီးဇွန်းတဇွန်း။
 ကြက်သွန်ဖြူဆီချက် စတီးဇွန်း ၃ ဇွန်း လောက်ထည့်ပြီးသမ အောင်ခပ်ဖွဖွ နယ် ပြီးရင် စားနိုင်ပါပြီ။
မနှစ်က post မို့ ပြော ရင်းသရေ ကျ ။
Credit Thi Thi Oo