Showing posts with label အိုးကပ်. Show all posts
ငါးကလေး အိုးကပ် .. (ချဉ် ငံ စပ် ) ... ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဆနွင်းမှုန့် အပြင်ကို စပါးလင်အနုနည်းနည်းကို ပါးပါးလှီးပြီး (ဆီပ...
ငါးကလေး အိုးကပ်
ငါးကလေး အိုးကပ် .. (ချဉ် ငံ စပ် ) ...
ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဆနွင်းမှုန့် အပြင်ကို စပါးလင်အနုနည်းနည်းကို ပါးပါးလှီးပြီး (ဆီပါတယ်ဆိုရုံထည့်ပြီး) ဆီချက်ပေးပါ ... (ရခိုင်မှာ စပါးလင် မထည့်ပါ ... ကျွန်မ အညှီကြောက်တဲ့အတွက် ထည့်တာပါ ) ... ငရုတ်သီးစိမ်းညှပ်ထည့်လို့ ငါးကို အရည်လုံးဝ မခမ်းရင်တောင် အရည်စည်းလေးချက်လိုက်ပါ ... မကျည်းမှည့်လေး ရေဖျော်ထည့်ပါ ... အချို အငန် အရသာကတော့ မိမိကြိုက်နှစ်သက်သလောက် ထည့်လို့ရပါတယ် .... ငါးလေးအိုးကပ်လာပြီဆိုရင် ငပိလေးရေဖျော်ထည့်ပါ ... နံနံပင်အုပ်ပြီး ခဏအဖုံးဖုံးထားပါ ... အရည်လေးခမ်းပြီး ခြောက်ခြောက်လေးဖြစ်လာရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ .... အဖုံးဖွင့်လိုက်တာနဲ့ ညှီနံ့လုံးဝမထွက်ဘဲ အသားနူးနေတဲ့ ချဉ် ငံ စပ် ငါးကလေး အိုးကပ်ကို ရမှာပါ ...
မှတ်ချက် - ငါးအသားကို ဒီအတိုင်းချက်စားတဲ့ အရသာနဲ့ နူးညံ့မှုမျိုးကို ကြော်ပြီးပြန်ချက်ထားတဲ့ ငါးမှာ မရနိုင်ပါဘူး ...
ဘယ်လောက်ပဲ ငါးညှီနံ့ကို ကြောက်တဲ့သူဖြစ်ဖြစ် နည်းစနစ်မှန်မှန် စိတ်ရှည်ရှည် ချက်ရင် ဟင်းကောင်းလေး စားရမှာပါ ... အချိန်လည်း မကြာတဲ့အတွက် လုပ်စားကြည့်စေချင်ပါတယ် ... ကျန်းမာရေးအတွက်လည်း အရမ်းကောင်းပါတယ် ..... ဒီမှာ ငါးသေးလေးဝယ်ရခက်လို့ အကောင်နည်းနည်းကြီးတာကို ချက်ထားလိုက်ပါတယ် ..... အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးတွေဆို ပိုအဆင်ပြေပါတယ် .........
Subscribe to:
Posts (Atom)
Follow Us
Were this world an endless plain, and by sailing eastward we could for ever reach new distances