ဒီဟင်းလေးက တညင်းသီးကြိုက်တတ်သူများ အတွတ်ပါ။ ခပ်စပ်စပ်လေးချက်ရင် ပိုလို့စားကောင်း ပါတယ်။ အရည်စပ်စပ်ကျန်အောင် ချက်ရပါတယ်။ ထမင်းမြိန်စေတဲ့ အရံဟင်းကောင်းတစ်ခွက်ပါရှင်။
ပါဝင်ပစ္စည်းများ
ပုစွန်စုတ်ဖွား - ၁၅ ကျပ်သား
တညင်းသီးစေးစေး - ၁၀ လုံး
ငါးပိရည်ကျိုပြီးသား - အကြမ်းပန်းကန်လုံး ၁ လုံး
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူဗမာဥ - ၃ ဥ
နနွင်း - အနည်းငယ်
ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
ငရုတ်အရောင်တင်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
ဆီ - အကြမ်းပန်းကန်လုံး ၁ လုံး
ဆား - အနည်းငယ်
ချက်နည်း
ပုစွန်စုတ်ဖွားတွေကို ရေဆေးသန့်စင်ထားပါ။ တညင်းသီးကို ပြုတ်သည့်အခါ ၃ ခါလောက် ရေလဲပြီး ပြုတ်ပါ။ နူးပြီးစေးလျှင် ထုပြားထားပါ။ ကြက်သွန်
ဖြူ/နီကို ရောထောင်းထားပါ။ ဆီပူအိုးတည်ပြီး ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ မွှေးပြီးကြွပ်လာလျှင် ငရုတ်အရောင်တင်မှုန့်ထည့်ပါ။ ပုစွန်ခတ်ပါ။ ပုစွန်
တွေ မွှေးလာလျှင် တညင်းသီးထည့်လုံးပါ။ ဆား ထည့်ပါ။ ငါးပိရည်လောင်းပါ။ ငရုတ်သီးစိမ်းအုပ်ပါ။ ခဏအဖုံးအုပ်တည်ပါ။ အပေါ့အငန်မြည်းပြီး အရည် စပ်စပ် ကျန်သည့်အနေထားဆို ရပါပြီရှင်။
-----------------------------
Credit
ပန်းခရေ
Follow Us
Were this world an endless plain, and by sailing eastward we could for ever reach new distances