Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ဒီငါးပိချက်လေးက ရှောက်သီးဖတ်တွေ ခွာပြီး ထည့်ချက်ထားတာပါ။ အချဉ်အရသာအတွက် ရှောက်သီးကို အဖတ်လိုက်ထည့်တာ မခါးလို့ တော်တော်လေး သဘောကျခဲ့တဲ့ ...

ရှောက်သီးငါးပိချက်


ဒီငါးပိချက်လေးက ရှောက်သီးဖတ်တွေ ခွာပြီး ထည့်ချက်ထားတာပါ။ အချဉ်အရသာအတွက် ရှောက်သီးကို အဖတ်လိုက်ထည့်တာ မခါးလို့ တော်တော်လေး သဘောကျခဲ့တဲ့ ဟင်းတစ်မည်ပါ။ စားလို့လည်း တော်တော်လေး အရသာရှိတယ်။ မိုးတွင်းခါ တို့စရာစုံတာနဲ့တော့ တော်တော်လေးလည်း လိုက်ဖက်ပါရဲ့။

ပါဝင်ပစ္စည်းများ

ငါးကြင်း - ၁၅ ကျပ်သား
ငါးပိရည်ကျို - ၅ ကျပ်သား
ရှောက်သီးစိမ်းစိမ်း - အနေတော် ၁ လုံး
ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူဗမာဥ - ၃ ဥ
ငရုတ်အရောင်တင်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
နနွင်း - အနည်းငယ်
ဆီ - ၅ ကျပ်သား
ဆား - စားပွဲဇွန်း ၁/၂ ဇွန်း
ထန်းလျက်ခဲ - သေးသေး ၁ ခဲ
ပင်စိမ်း - အနည်းငယ်

ချက်နည်း

ငါးကြင်းကိုပြုတ်ပြီး အသားနွှင်ထားပါ။ ငါးပိ ရည်ကျိုကိုလည်း နနွင်းထည့်ကျိုပြီး စစ်ထားပါ။ ကြက်သွန်ဖြူ/နီကို ရောထောင်းထားပါ။ ငရုတ်သီး
စိမ်းကို ညှပ်ထားပါ။ ပင်စိမ်းကို ရေဆေးသန့်စင်ထား ပါ။ ရှောက်သီးကို အခွံခွာပြီး အမြွှာလေးတွေ ထုတ်ယူ ထားပါ။ သတိထားရမှာက ရှောက်သီးခွံ အဖြူဖတ်
များ၊ အစေ့များ လုံးဝမပါစေရပါ။ ခါးတတ်ပါသည်။ ရှောက်သီးအမြွှာလေးတွေသာ ထုတ်ယူပါ။ ဆီပူလာ လျှင်ကြက်သွန်ဖြူ/နီ၊ နနွင်းထည့် ဆီသတ်ပါ။ မွှေးပြီး ကြွပ်လာရင် အရောင်တင်မှုန့်ထည့်ပါ။ ငါးထည့်ပါ။ ငါးနံ့လေးမွှေးလာရင် ကျိုထားသောငါးပိရည်လောင်း ပါ။ ထန်းလျက်နှင့် ဆားထည့်ပါ။ ခဏအပွက်ခံပြီး ငရုတ်သီးစိမ်းထည့်ပါ အရည်အရမ်းမကျဲဘဲ ခပ်ပျစ် ပျစ်လေး ချက်ပါ။ အရည်အနေတော်ရသည့်အခါ ရှောက်သီးဖတ်များ ထည့်ပါ။ ပင်စိမ်းအုပ်ပါ။ အပေါ့ အငန်မြည်းပါ။ စားကောင်းသော ရှောက်သီးငါးပိချက် ရပါပြီ။
-------------------------
Credit
ပန်းခရေ

0 comments: