Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ဒီဟင်းလေးက တညင်းသီးကြိုက်တတ်သူများ အတွတ်ပါ။ ခပ်စပ်စပ်လေးချက်ရင် ပိုလို့စားကောင်း ပါတယ်။ အရည်စပ်စပ်ကျန်အောင် ချက်ရပါတယ်။ ထမင်းမြိန်စေတ...

တညင်းသီးပုစွန်စုတ်ဖွားငါးပိချက် (တောချက်)


ဒီဟင်းလေးက တညင်းသီးကြိုက်တတ်သူများ အတွတ်ပါ။ ခပ်စပ်စပ်လေးချက်ရင် ပိုလို့စားကောင်း ပါတယ်။ အရည်စပ်စပ်ကျန်အောင် ချက်ရပါတယ်။ ထမင်းမြိန်စေတဲ့ အရံဟင်းကောင်းတစ်ခွက်ပါရှင်။
ပါဝင်ပစ္စည်းများ
ပုစွန်စုတ်ဖွား - ၁၅ ကျပ်သား
တညင်းသီးစေးစေး - ၁၀ လုံး
ငါးပိရည်ကျိုပြီးသား - အကြမ်းပန်းကန်လုံး ၁ လုံး
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူဗမာဥ - ၃ ဥ
နနွင်း - အနည်းငယ်
ငရုတ်သီးစိမ်း (အစပ်စားနိုင်သလောက်)
ငရုတ်အရောင်တင်မှုန့် - စားပွဲဇွန်း ၁/၂ ဇွန်း
ဆီ - အကြမ်းပန်းကန်လုံး ၁ လုံး
ဆား - အနည်းငယ်
ချက်နည်း
ပုစွန်စုတ်ဖွားတွေကို ရေဆေးသန့်စင်ထားပါ။ တညင်းသီးကို ပြုတ်သည့်အခါ ၃ ခါလောက် ရေလဲပြီး ပြုတ်ပါ။ နူးပြီးစေးလျှင် ထုပြားထားပါ။ ကြက်သွန်
ဖြူ/နီကို ရောထောင်းထားပါ။ ဆီပူအိုးတည်ပြီး ကြက်သွန်ဖြူ/နီ ဆီသတ်ပါ။ မွှေးပြီးကြွပ်လာလျှင် ငရုတ်အရောင်တင်မှုန့်ထည့်ပါ။ ပုစွန်ခတ်ပါ။ ပုစွန်
တွေ မွှေးလာလျှင် တညင်းသီးထည့်လုံးပါ။ ဆား ထည့်ပါ။ ငါးပိရည်လောင်းပါ။ ငရုတ်သီးစိမ်းအုပ်ပါ။ ခဏအဖုံးအုပ်တည်ပါ။ အပေါ့အငန်မြည်းပြီး အရည် စပ်စပ် ကျန်သည့်အနေထားဆို ရပါပြီရှင်။
-----------------------------
Credit
ပန်းခရေ

0 comments: