Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ကြက်ခြေထောက်အချဉ်စိမ် ------------------------------- ပါဝင်ပစ္စည်းများ ကြက်ခြေထောက် - ၁၂ ချောင်း ရှလကာရည် - ၁ဝဝ ဂရမ် ဆား -...

ကြက်ခြေထောက်အချဉ်စိမ်



ကြက်ခြေထောက်အချဉ်စိမ်
-------------------------------
ပါဝင်ပစ္စည်းများ

ကြက်ခြေထောက် - ၁၂ ချောင်း
ရှလကာရည် - ၁ဝဝ ဂရမ်
ဆား - ၃၀ ဂရမ်
သကြား - ၅၀ ဂရမ်
ရေ - ၅ဝဝ ဂရမ်
ငရုတ်ကောင်းစေ့ - စားပွဲဇွန်း ၁ ဇွန်း
ဝှားကျောင်း - စားပွဲဇွန်း ၁/၂ ဇွန်း
ငရုတ်သီးနီ - ၁၀ တောင့်
ကြက်သွန်ဖြူ - ၈ တက်ခန့်
ကြက်သားမှုန့် - အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

ကြက်ခြေထောက်ကို သေချာသန့်စင်ပြီး ကြက်သားမှုန့် အနည်းငယ်ဖြင့် ၂၀ မိနစ်ခန့်ပြုတ်ပေးပါ။ ပြီးလျှင် ပြုတ်ထားတဲ့ ကြက်ခြေထောက်များ ကို ရေခဲရေထဲမှာ အေးသွားသည်အထိ စိမ်ထားပေးပါ။ အချဉ်ရည်လုပ်ရန်အတွက် ဒယ်အိုးထဲမှာ ကျန်ပါဝင် ပစ္စည်းများကိုထည့်ပြီး ၃ မိနစ်ခန့် ကျိုပေးပါ။ ပြီးလျှင် အအေးခံပြီး အနွေးဓာတ် အနည်းငယ်ကျန်တဲ့အချိန် မှာ အဖုံးပါဘူးတစ်ဘူးထဲမှာ ကြက်ခြေထောက်များ ဖြင့် ရောစိမ်ထားပေးပါ။ အချဉ်စိမ်ထားသော ကြက် ခြေထောက်များ လုံးဝအေးသွားပြီဆိုမှသာလျှင် အဖုံးလုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၄ ရက်သို့ ၇ ရက်ခန့် ထားပေးပါ။ အချိန်ကြာကြာထားနိုင်ရင် အရသာပိုကောင်းပါသည်။
------------------------------
Credit
Eant Wint Htut

0 comments: