Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

Showing posts with label ကွကျသား. Show all posts

ဒီကြက်သားဟင်းလေးကတော့ အနံ့ အတွက် စပါးလင်၊ အငံအတွက် ငပိ၊ အစပ်အတွက် ငရုတ်သီးမှုန့် ၊ အချဉ်အတွက် မန်ကျည်းမှည့်အနှစ်တို့ ကိုသုံးထားတဲ့...



ဒီကြက်သားဟင်းလေးကတော့ အနံ့ အတွက် စပါးလင်၊ အငံအတွက် ငပိ၊ အစပ်အတွက် ငရုတ်သီးမှုန့် ၊ အချဉ်အတွက် မန်ကျည်းမှည့်အနှစ်တို့ ကိုသုံးထားတဲ့ အတွက် အစပ်အဟတ်အလွန်တည့်ပြီး ထမင်းမြိန်စေတဲ့ဟင်းလေးတခွက်ပါပဲ။ ကြက်သားကို အသားချည်းပဲ အတုံးအသေးလေးတွေတုံးပြီးချက်နိုင်သလို။ အရိုးနှင့် အသား ခပ်ကြီးကြီးတုံးပြီးချက်ရင်လဲ အဆင်ပြေပါတယ်။ ဒီဟင်းလေးက တကယ်ကိုစားလို့ ကောင်းလို့ ချက်စားကြည့်ဖို့ မမေ့နဲ့ နော်။

ပါဝင်သောပစ္စည်းများ
၁။ ကြက်သား - ၅၀ သား (သို့ ) ၂ ပေါင်
၂။ စပါးလင် - ၁ ချောင်း
၃။ ကြက်သွန်ဖြူ - ၃ မွှာ
၎။ ဂျင်း - လက်တဆစ်
၅။ ကြက်သွန်နီ - ၁ လုံး
၆။ ငပိ - လက်ဖက်ရည်ဇွန်း တ ၀က်
၇။ သကြား (သို့ ) အချိုမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၈။ မြန်မာငံပြာရည် (သို့ ) ယိုးဒယားငံပြာရည် - ထမင်းစားဇွန်း ၁ ဇွန်း (သို့ ) ၂ ဇွန်း
၉။ မန်ကျည်းမှည့် အနှစ် - ထမင်းစားဇွန်း ၂ ဇွန်း
၁၀။ ဆနွင်း - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၁၁။ အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၂။ ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တ ၀က်
၁၃။ ဆီ - ထမင်းစားဇွန်း ၅ ဇွန်း
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် စပါးလင်တို့ ကို ညက်နေအောင်ထောင်းပါ။ ကြက်သားကို ကြိုက်နှစ်သက်ရာ အရွယ်တုံးထားပါ။ ငပိကိုရေ နည်းနည်းဖြင့်ဖျော်ထားပါ။
၂။ တုံးထားသော ကြက်သားများကို ငံပြာရည်၊ သကြား(သို့ ) အချိုမှုန့် ၊ ဆနွင်း၊ အရောင်တင်မှုန့် ၊ ငရုတ်သီးမှုန့် တို့ ဖြင့် နယ်ထားပါ။
၃။ အိုးတခုထဲတွင် ဆီထည့်၊ ဆီပူလာလျှင် ထောင်းထားသော အရာများကိုထည့်ရ်ျ ဆီသတ်ပါ။ မွှေးလာလျှင် နယ်ထားသော ကြက်သားများကိုထည့်လုံးပါ။ အရည်ဖျော်ထားသော ငပိကိုထည့်ပါ။ ရေကိုကြက်သားမြုပ်အောင်ထည့်ပြီး ကြက်သားများ နူးတဲ့အထိတည်ပါ။ ရေတ၀က်လောက်ခမ်းလျှင်မန်ကျည်းမှည့် အနှစ်ကိုထည့်ရ်ျ ရေလည်ဆီလည်ဖြစ်လာသည်အထိတည်ပါ။
၎။ အပေါ့အငံမြည်းရ်ျ မီးဖိုပေါ်မှချပါ။
၅။ အနံ့ မွှေးမွှေး ချဉ်ငံစပ် ကြက်သားဟင်းကို သုံးဆောင်နိုင်ပါပြီရှင်။

ပါဝင် ​ ပစ္စည်း 1-တုန် ​ ယမ်းအနှစ် ​ 2-မှို 3-တို့ဟူး 4-ကြက် ​​ ခြေ ​ ထောက် ​ 5-နံနံ ပင် ​ အမျှစ် ​ ​6- ရှောက် ​ ၇ွက် ​ 7-သံပု၇ာ...


ပါဝင်ပစ္စည်

1-တုန်ယမ်းအနှစ်
2-မှို
3-တို့ဟူး
4-ကြက်
ခြေထောက်
5-နံနံ ပင်
အမျှစ်
6-ရှောက်၇ွက်
7-သံပု၇ာသီး
8-င၇ုတ်
သီး စိမ်
9-စပါးလင်

10-ငုံးဥ....
11-ငါးငံပြာ၇ည်

12-အုန်
းနို့ ....သို့မဟုတ် နို့စိမ်

#ပြုလုပ်နည်

ကြက်​​ခြေထောက် ကွှိုစာလကာ ၇ည် စပါးလင် နံနံ ပင်အမျှစ် .မှိုေ၇အိုးတ၀က် ခန့် ထည့်ပီး ပြုတ်ထားပေးပါ မိနစ် ၂၀ခန့် (ရှာလကာ ၇ည် ကြက်​​ခြေထောက်က်ု ၀ါးလိုက်၇င် ချဉ် နေတဲ့အ၇သာ ကြိုက်လို့ပါ မကြိုက်ပါက မထည့် ပါနှင့်) ပြုတ်ထားသော ကြက်​​ခြေထောက် နူးလာပါက တုန်ယမ်း အနှစ် ထည်ပေးပါပီး လျှင် ငါးငံပြာ၇ည် ငုံးဥ င၇ုတ်သီး စိမ်း အုန်းနို့ သို့မဟုတ် နို့စိမ်း ထည့်ပီးပါက တို့ဟူး ထည့် တို့ဟူးထည့်ပီးလျှင် အရမ်းမမွှေပါနှင် အ၇သာအပေါ့ အငံ မြည်းပီးလျှင် ရှောက်၇ွက် ထည့်သံပုရာရည် အနည် ထည့် ငြုပ်သီးစိမ်း ပီး၇င် ၇ပါပီ အ၇သာရှိသော ကြက်​​ခြေထောက် တုန်းယမ်း ချဉ်စပ် အလွယ်တကူ ချက်စားနိုင်ကြပါစေ....
(
ရှောက်၇ွက်.. သံပုရာရည် ကို မိမိစားတော့မည်ဆိုမှထည်ပေးပါ မစားသေးခင် အကြာကြီး ထည့်ထားလျှင်
ဟင်
း၇ည် အ၇သာ ခါးတတ်လို့ ပါ)


Zawgyi ကြက်သား အာလူးဟင်း ပါဝင်ပစ္စည်းများ ၁- ကြက်သား -   ၅၀ ကျပ်သား ၂- အာလူး ၄၀ ကျပ်သား ၃- ခရမ်းချဉ်သီး ၃ လုံး အစေ့ထုတ...




Zawgyi
ကြက်သား အာလူးဟင်း

ပါဝင်ပစ္စည်းများ

၁- ကြက်သား -  ၅၀ ကျပ်သား
၂- အာလူး ၄၀ ကျပ်သား
၎- ကြက်သွန်နီ ၂ လုံးပါးပါးလှီးပါ

ချက်နည်း

၎- အသားအလူးနူးလျှင် အရသာ ပေါ့အငံ မြဲပြီး နံနံပင်-ကြက်သွန်မြိတ်များ ဖြူးကာ မီးပိတ်လိုက်ပါ။




Unicode
ကြက်သား အာလူးဟင်း

ပါဝင်ပစ္စည်းများ

၁- ကြက်သား -  ၅၀ ကျပ်သား
၂- အာလူး ၄၀ ကျပ်သား
၃- ခရမ်းချဉ်သီး ၃ လုံး အစေ့ထုတ်ပြီး ပါးပါးလှီးပါ
၄- ကြက်သွန်နီ ၂ လုံးပါးပါးလှီးပါ
၅- ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်စာ ပါးပါးလှီးပါ
၆- နံနံပင် လက်တဆုတ်စာ ပါးပါးလှီးပါ
၇- စနွင်းမှုန့် လက်ဖက်ရည်ဇွန် တဝှက်
၈- ဆား လက်ဖက်ရည်ဇွန် တဇွန်း
၉- ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း  ၁ ဇွန်း
၁၀- ရေလက်ဖက်ရည်ခွက် ၃ ခွက်
၁၁- ဂျင်း ၁ လက်မခန့်တတုံး
၁၂- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
၁၃- ငရုပ်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း ( အစပ်ကြိုက်လျှင် ငရုပ်စိမ်းအမှဲ့တောင့် ထောင့်ထဲ့နိုင်ပါတယ်)

ချက်နည်း

၁- အရင်ဆုံး ဇလုံထဲတွင် (ကြက်သား-ဆား-ကြက်သားမှုန့်- စနွင်း-ငရုပ်မှုန့်-ငရုပ်ကောင်း-ဂျင်း) တို့ကို သမအောင်ရောက်နှယ်လိုက်ပါ။
၂- ပြီးမှ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ပါးပါးလှီးထားတဲ့ ကြက်သွန်နီကို ထဲ့ပါ ၃  မိနစ်ခန့်ထားပါ ပြီးလျှင် ရောနုယ်ထားတဲ့ကြက်သားကိုထဲ့ပါ  ၃ မိနစ်ထိချက်ပေးပါပြီးလျှင် ပါးပါးလှီးထားတဲ့ ခရမ်းချည်သီးကိုထဲ့ပါ။
၃- ထိုနောက် အလူး- ရေ၃ ခွက်ထည့်ကာ အဖုံးအုပ်ပြီး ၁၅ မိနစ်ခန့် ကြက်သား နှင့် အာလူးနူးသည်အထိချက်ပေးပါ။
၄- အသားအလူးနူးလျှင် အရသာ ပေါ့အငံ မြဲပြီး နံနံပင်-ကြက်သွန်မြိတ်များ ဖြူးကာ မီးပိတ်လိုက်ပါ။
၅- အရသာ ရှိပြီး အနံ့မွှေးသေား ကြက်သား အာလူး ဟင်းကိုသုံးဆောင်နိုင်ပါပြီ။