Unicode အာလူးသေးသေးလေး ရခိုင်ချက် ရခိုင်တွေရဲ့ အကြိုက်ဆုံး အစားအစာထဲက တစ်ခုပါ ...... ဒီအာလူးသေးသေးလေးတွေကို ရန်ကုန်မှာလည်း...
Unicode
အာလူးသေးသေးလေး ရခိုင်ချက်
ရခိုင်တွေရဲ့ အကြိုက်ဆုံး အစားအစာထဲက တစ်ခုပါ ......
ဒီအာလူးသေးသေးလေးတွေကို ရန်ကုန်မှာလည်း ရခိုင်အသည်တွေ ရောင်းရင်တော့ ရတတ်ပါတယ် ........ ဒီအာလူးလေးတွေဟာ ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်က အာလူးလေးတွေပါ ...... မိုးနဲ့ဆောင်း စပ်ကူးမတ်ကူးကနေ ဆောင်းတွင်းထဲ တောက်လျှောက်ရတတ်ပါတယ် ..... ဆောင်းရာသီစာပါ .... ဒီ အာလူးလေးတွေဟာ တခြားအာလူးတွေနဲ့ အရသာ သိပ်သည်းဆတို့ မတူပါဘူး ..... တခြားအာလူးတွေလို ပွမနေဘဲ အရမ်းစီးတဲ့ အာလူးတွေပါ ......
ပြုလုပ်ပုံ
အာလူးလေးတွေကို ဆားထည့်ပြီး ဆေးပေးပါ ......
ရေနဲ့စင်အောင် သေချာအထပ်ထပ်ဆေးပေးပါ ......
ပြီးရင် အာလူးလေးတွေကို နှစ်ခြမ်းခွဲပေးပါ .....
ချက်မယ့်အိုးထဲထည့်ပြီး ငရုတ်သီးစိမ်းကို စိတ်ထည့်ပေးပါ .....
ငပိစိမ်းစားအနည်းငယ်ထည့်ပေးပါ .....
ဆား ၊ အရသာမှုန့် ချိန်ဆထည့်ပေးပါ ......
ငခြောက်ကို ရေဆေးပြီး အတုံးလေးတွေတုံးပြီး ထည့်ပေးလို့လည်း ရပါတယ် .....
ဆီနည်းနည်းထည့် ၊ ရေကို အာလူးတမြှုပ်ထည့် အိုးဖုံးလေးဖုံး ချက်ပေးရုံပါပဲ ......
ဟင်းအိုးဆူပြီး အာလူးရော ငခြောက်ရော နူးပြီဆိုရင် ရေစည်းအောင် နည်းနည်းထားပေးပါ .....
မကျည်းနှစ် နည်းနည်းဖျော်ထည့်ပေးပါ ......
နောက်တဖန် ရေစည်းပြီဆိုရင်တော့ ရခိုင်လူမျိုးတွေရဲ့ အကြိုက်ဆုံးဟင်းလျာထဲက တစ်မျိုးဖြစ်တဲ့ စားချင့်စဖွယ် အာလူးငပိချက်ဟင်းကို ရပါပြီတဲ့ရှင် ...........
မှတ်ချက် - ဒီဟင်းလေးကို မစားရတာ နှစ်နှစ်ကြာပြီးမှ ဒီနေ့ ပြန်စားရတာမို့ အထူးတလည် တင်ပေးလိုက်တာပါ ....
Zawgyi
ပြုလုပ်ပုံ
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ... လယ်ဟင်းးးးးးးးးးးးး ... ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတ...
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ...
လယ်ဟင်းးးးးးးးးးးးး ...
ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတယ် ... အဲရွာရောက်မှ ယာခင်းပြင် အကျယ်ကြီး လယ်ကွက်တွေမြင်ဖူးတာပါ ... ရောက်ရောက်ချင်းနေ့မှာပဲ ကိုယ့်အရှေ့တင် သွားခူးတဲ့ ဖရဲသီးနဲ့ ချိုးလာတဲ့ ကြံပင်တွေ နဲ့ အရင်ဆုံး ဧည့်ခံပါတယ် ... ကိုယ်တွေမြို့မှာ ဝယ်စားတဲ့ အရသာနဲ့ ဘာမှ မဆိုင် ... ဟင်းချက်ဖို့ အသီးအရွက်တွေဆိုလည်း ယာခင်းထဲက ခူးရုံပဲ ... ကိုယ့်ခင်းမှာ မရှိတဲ့ဟာဆို သူများခင်းသွားပြီး " အရီး ဟင်းတစ်နပ်စာယူသွားမယ်နော်" ဆိုပြီး ခူးရုံပါပဲ ... အဲသလို ယာခင်းထဲက ခူးလာတဲ့ ခရမ်းသီး ၊ ပဲစင်ပေါ်က ခူးထားတဲ့ ပဲပြားသီး နဲ့ ရခိုင်ဒေသထွက် ငနီတူခြောက်လေးကို ကြာတွေပွင့်နေတဲ့ ရွာဦးကန်ကရေလေးနဲ့ သေချာရေဆေးပြီး မြေအိုးကင်းလေးထဲထည့် ... ရခိုင်ဒေသထွက် ငပိလေးအနည်းငယ်ထည့် ... ယာခင်းကထွက်တဲ့ အစပ်မများတဲ့ ငရုတ်သီးပွပွလေးတွေကို ဓါးလေးနဲ့ နှစ်ခြမ်းခြမ်းထည့်ပြီး မျှင်ပုစွန်လေးနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီး အိုးဖုံးလေးဖုံးထားပြီး ထင်းချောင်းတွေ မီးမွှေးထားတဲ့ ဖိုခလောက်သုံးခုနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းအိုးဆူလာ ၊ ဟင်းနံ့လေးမွှေးပြီး ထွက်လာတဲ့အထိထားထားပြီးရင်တော့ ရခိုင်ယာခင်းထမင်းဝိုင်းလေးအတွက် အနံ့အရသာပြည့်စုံရုံမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ခုခူး ခုချက်ထားတဲ့ လတ်ဆတ်တဲ့ အသီးအရွက်ရဲ့ အချိုအရသာပါ ထပ်လောင်းထားတဲ့ ယာခင်းဟင်းတစ်မယ် ရပါပြီ .... ချဉ်ပေါင်ရွက်ရည်ကြဲလေးတစ်ခွက် နဲ့ မြင်းခွါရွက် သေးသေးလေး ၊ မုန်လာပင်ပေါက် သေးသေးလေးကို ရေနွေးဖျောပြီး သိပ်မစပ်တဲ့ ငရုပ်ပွကိုမီးဖုတ်ပြီး ငပိထောင်းလေးပါလိုက်မယ်ဆို တော်တော်ကို အရသာရှိတဲ့ ထမင်းဝိုင်းလေး တစ်ဝိုင်းဖြစ်ပါပြီ
ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်) ချက်နည်း ......... ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး...
ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်)
ချက်နည်း .........
ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ ......
ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ ..... ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ ...... စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ ...... ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ...... ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်) ...... ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ ......
ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ ...... ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ ....... မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ ...... ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ..............
ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံး ချက်တတ်ပါတယ် ...... ရခိုင်ဒေသဟာ ငါးပေါတဲ့အတွက် ငပိကောင်းကောင်းကို သဘာဝစစ်စစ်ရနိုင်ပါတယ် ...... ရခိုင်တွေက ဆီနဲ့ ဟင်းချိုမှုန့်ကို အသုံးနည်းပါတယ် ....... ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပီပီ အရင်တုန်းက ဟင်းချိုမှုန့် နေရာမှာ ပုစွန်နဲ့ ငါးအနှစ်တွေကို အဓိက သုံးတတ်တဲ့ လူမျိုးပါ ...... အခုနောက်ပိုင်းမှ ပုစွန်တွေ နိုင်ငံခြားရောက်ရောက်သွားလို့ ဟင်းခတ်အနေနဲ့ မသုံးနိုင်ကြတော့တာပါ ......
ငါးချဉ်ပေါင်ချက် အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃...
ငါးချဉ်ပေါင်ချက်
အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃မိနစ်လောက်ကြာတော့မှ ချဉ်ပေါင်အရွက်နွမ်းတွေကို ဇွန်းနဲ့ မကျေတကျေလေးချေပြီး မီးပိတ်ထားလိုက်တယ်။
ငါးကို ဆား အရသာမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားကာ နှပ်ထားပေးပါ။
ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ဆီသပ်ပါ။ အရောင်လှစေဖို့အတွက် ငရုတ်အစိမ်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသပ်ပေးပါ။ ပြီးမှ ငါး ဆား အရသာမှုန့် ရေအနည်းငယ် ထည့်ပြီး ချက်ပါ။ ရေခမ်းပြီဆို မီးပိတ်ထားလိုက်တယ်။ ကျက်တဲ့ထိချက်စရာမလိုပါဖူး။
ခုနကချက်ထားတဲ့ချဉ်ပေါင်ထဲကို ရေထည့်။ အရည်ကျဲတောက်ကြီးဖြစ်အောင်ရေတွေမတရားမထည့်ပါနဲ့။ အနေတော်လေးဘဲထည့်ပြီးတည်ပါ။ ဟင်းအိုးဆူလာပြီဆို အပေါ်က ချက်ထားတဲ့ ငါးရော ဟင်းအဆီအနှစ်တွေရော ချဉ်ပေါင်အိုးထဲရောထည့်။ ဆား အရသာမှုန့် ထည့်ပြီး ကြာကြာလေးပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပင်စိမ်းအုပ်ပါ။ တစ်ခွက်ထဲနဲ့ ထမင်းမြိန်စေတဲ့ ဟင်းလေးဖြစ်မှာပါနော် …
မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။
မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော်

https://www.facebook.com/groups/564061641101848/permalink/564061664435179
See Less
Follow Us
Were this world an endless plain, and by sailing eastward we could for ever reach new distances