Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ငါးချဉ်ပေါင်ချက် အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃...

ငါးချဉ်ပေါင်ချက်


ငါးချဉ်ပေါင်ချက်

အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃မိနစ်လောက်ကြာတော့မှ ချဉ်ပေါင်အရွက်နွမ်းတွေကို ဇွန်းနဲ့ မကျေတကျေလေးချေပြီး မီးပိတ်ထားလိုက်တယ်။

ငါးကို ဆား အရသာမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားကာ နှပ်ထားပေးပါ။

ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ဆီသပ်ပါ။ အရောင်လှစေဖို့အတွက် ငရုတ်အစိမ်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသပ်ပေးပါ။ ပြီးမှ ငါး ဆား အရသာမှုန့် ရေအနည်းငယ် ထည့်ပြီး ချက်ပါ။ ရေခမ်းပြီဆို မီးပိတ်ထားလိုက်တယ်။ ကျက်တဲ့ထိချက်စရာမလိုပါဖူး။

ခုနကချက်ထားတဲ့ချဉ်ပေါင်ထဲကို ရေထည့်။ အရည်ကျဲတောက်ကြီးဖြစ်အောင်ရေတွေမတရားမထည့်ပါနဲ့။ အနေတော်လေးဘဲထည့်ပြီးတည်ပါ။ ဟင်းအိုးဆူလာပြီဆို အပေါ်က ချက်ထားတဲ့ ငါးရော ဟင်းအဆီအနှစ်တွေရော ချဉ်ပေါင်အိုးထဲရောထည့်။ ဆား အရသာမှုန့် ထည့်ပြီး ကြာကြာလေးပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပင်စိမ်းအုပ်ပါ။ တစ်ခွက်ထဲနဲ့ ထမင်းမြိန်စေတဲ့ ဟင်းလေးဖြစ်မှာပါနော် …

မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော် 😍 👇

https://www.facebook.com/groups/564061641101848/permalink/564061664435179 
See Less

0 comments: