Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

Showing posts with label ပင်လယ်စာ. Show all posts

ငါးကလေး ချဉ် ငံ စပ် ရခိုင်ဟင်း (ငလုံးချေ ငရုတ်ချက်) ဒီနည်းက ရိုးပါတယ် .... ဒါပေမယ့် ဆီသိပ်မပါဘဲ ချဉ် ငံ စပ်လေးက ကျန်းမာရေးအတွက်ပါ အထောက...


ငါးကလေး ချဉ် ငံ စပ် ရခိုင်ဟင်း (ငလုံးချေ ငရုတ်ချက်)

ဒီနည်းက ရိုးပါတယ် .... ဒါပေမယ့် ဆီသိပ်မပါဘဲ ချဉ် ငံ စပ်လေးက ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ် ..........

အရိုးပါစားနိုင်တဲ့ ငါးကလေး (ဆူးသိပ်မပါတဲ့)ကို သေချာဆေးပေးပါ ...... ကြက်သွန်နီ/ဖြူကို ဆနွင်းမှုန့်လေးထည့်ပြီး ထောင်းပေးပါ ..... ငရုတ်သီးလေးကို မိမိနှစ်သက်သလောက် အခြမ်းလေးတွေ စိတ်ပေးထားပါ ...... ချက်မယ့်အိုးထဲကို ငါးကလေး ၊ ထောင်းထားတဲ့ ကြက်သွန်နှစ် ၊ ငရုတ်သီးခြမ်းလေးတွေ နဲ့ ဆီပါတယ်ဆိုရုံလောက်ထည့်ပေး ရေလိုသလောက်လေးထည့် အဖုံးလေးဖုံးပြီး ချက်ပေးပါ ..... အရသာမှုန့် နဲ့ ဆားကို မိမိကြိုက်သလောက်ထည့်ပေးပါ ...... ရေဆူလာပြီး ငါးလေးပါကျက်ပြီဆိုရင်တော့ မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ ....... အရသာ ချဉ် ငံ စပ် မိမိအကြိုက်ဖြစ်ပြီဆိုရင် နံနံပင်လေး အုပ်ပေးပါ ........

အနံ့ အရသာနဲ့ ပြည့်စုံပြီး ဆီသိပ်မပါတဲ့တာကြောင့် ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အရိုးပါစားနိုင်တဲ့ ငါးကလေး ချဉ် ငံ စပ် ဟင်းကို ရပါပြီ

ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်) ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ...... မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံက...


ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်)

ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ......
မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံကို ရေနွေးလေးနဲ့ ပွတ်ဆေးပေးပါ ...... အသားနွှင်ထားပေးပါ ......

ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ /နီ ၊ ဂျင်း နဲ့ ဆနွင်းမှုန့်နည်းနည်းကို ရောထောင်းပေးပါ ...... ပြီးရင်တော့ ဆီသတ်ပါ ....... ဆီကျက်ပြီဆိုရင် ထောင်းထားတဲ့အနှစ်ကို ထည့်မွှေပေးပါ ....... ငရုတ်သီးစိမ်းအနံ့လေး ပျောက်ပြီး မွှေးလာပြီဆိုရင် ငပိနည်းနည်းထည့်မွှေပေးပါ (မကြိုက်ရင် မထည့်လို့လည်း ရပါတယ်) ..... အနံ့လေး ပိုမွှေးသွားပြီး အရသာပိုရှိသွားအောင်လို့ပါ ...... ပြီးရင်တော့ အသားနွှင်ထားတဲ့ ငလိပ်ကျောက်ကို မွှေပေးပါ ..... ရေနည်းနည်းထည့်ပေးပါ ..... အရည်လည်းခမ်းပြီဆိုရင် မကျည်းနှစ်ပျစ်ပျစ်လေး ရေဖျော်ထည့်ပေးပြီး မွှေပေးပါ .... အဖုံးလေးပြန်အုပ်ထားပြီး ဆီပြန်လာပြီ အနှစ်လေးကျလာပြီ ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အရသာ အချို အချဉ် အငံ မြည်းပြီး အနေတော်ဖြစ်ပြီဆိုရင်တော့ နံနံပင်လေး အုပ်ပေးပြီး အိုးဖုံးလေး ပြန်ဖုံးပေးပါ .... တအောင့်လေးထားပြီးရင်တော့ အနံ့အရသာလေးအပြည့်နဲ့ ကောင်းမွန်တဲ့ ငလိပ်ကျောက်ဒလှိမ့် (မွှေကြော်) လေး ကို ရပါပြီ

ခရမ်းချဉ်သီး ငါးခေါင်းဟင်း ..... ငါးကြင်းလို ခေါင်းမျိုးပါ .... ဒီဘက်က ချက်နည်းလိုမျိုးကို မြန်မာဆန်ဆန်ပြန်ချက်ထားပါတယ် ..... သူတို့က အ...


ခရမ်းချဉ်သီး ငါးခေါင်းဟင်း .....

ငါးကြင်းလို ခေါင်းမျိုးပါ .... ဒီဘက်က ချက်နည်းလိုမျိုးကို မြန်မာဆန်ဆန်ပြန်ချက်ထားပါတယ် ..... သူတို့က အုန်းနို့နည်းနည်း ထည့်ချက်တတ်ပေမယ့် ကျွန်မက အုန်းနို့ကို ထည့်မချက်ထားပါဘူး ......

ငါးကို သေချာစင်အောင်ပွတ်တိုက်ဆေးပြီး ဆား ၊ ဆနွင်းမှုန့်တွေနဲ့ပါ အထပ်ထပ်ဆေးပေးထားပါ ..... ဂျင်းထောင်း ၊ ငံပြာရည်အကြည် ၊ ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး နယ်ပေးပါ .....

ကြက်သွန်ဖြူ/နီ ၊ ဂျင်းနဲ့ ငရုတ်နှစ်ကိုထောင်းပေးပါ .....
ခရမ်းချဉ်သီးအလုံးသေးလေးတွေကို နှစ်ခြမ်းခြမ်းထားပေးပါ ...... ငရုတ်သီးစိမ်း ၄ တောင့်လောက်ကို ညှပ်ထားပါ ...... မြေပဲဆံအနည်းငယ် ထောင်းထားပါ .....

ချက်မယ့်အိုးထဲ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်အနှစ်ကို ဆီချက်ပေးပါ ..... မြေပဲဆံကိုထည့်မွှေပါ ..... ငရုတ်သီးစိမ်းပါထည့်ပေးပါ ..... ပြီးမှ ငါးခေါင်းကိုထည့်ပြီး အပေါ်က ခရမ်းချဉ်သီးအုပ်ပေးပါ ...... ရေကို ငါးခေါင်းမြှုပ်အောင်ထည့်ပြီး အိုးဖုံးလေးဖုံးပါ ..... အရည်စည်းသွားတဲ့အထိ ချက်ထားပေးပါ ..... ပြီးမှ အချို အငန် မိမိကြိုက်သလိုမြည်းပြီး ထည့်ပေးပါ ..... ခရမ်းချဉ်သီး အနှစ်လေးနဲ့မို့လို့ အချဉ်ကို လိုအပ်မှ မကျည်းနှစ်ဖျော်ပြီး ထည့်ပေးပါ ..... အရသာအနေတော်ပြီဆိုရင်တော့ နံနံပင်ကို ရေဆေးထည့်ပေးပါ ....

ဟုတ်ကဲ့ ..... ခရမ်းချဉ်သီးအနှစ်နဲ့ မြန်မာ့အရသာဆန်ဆန် ငါးခေါင်းဟင်းကို ရပါပြီ .......

အားလုံးကိုကျေးဇူးပါ ..............................

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ 

Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်) စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............ ငါးကိ...


Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်)

စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............

ငါးကို ဆေးနေကျအတိုင်း ဆား ၊ ဆနွင်းမှုန့်တို့နဲ့ သေချာလေးဆေးပေးပါ ...........

ငါးအရွယ်အစားကိုလိုက်ပြီး တစ်ဘက်ကို နှစ်ကြောင်း သုံးကြောင်းခန့် မွှန်းပေးပါ ...... အသားထဲကို အရသာတွေ ဝင်သွားစေဖို့ဖြစ်ပါတယ် ..... ပြီးရင်တော့ ဂျင်းထောင်း ၊ ဆနွင်းအနည်းငယ် ၊ ငါးငံပြာရည်နည်းနည်းနဲ့ သေချာနယ်ပေးပါ ....... ငရုတ်ကောင်းမှုန့်အနည်းငယ်လည်း ထည့်နယ်ပေးလို့ရပါတယ် ......

နယ်ထားတဲ့ ငါးကို မီးအေးအေးနဲ့ အချိန်အတော်ကြာအောင် ကြော်ပေးပါ ...... မီးပြင်းရင် အထဲကအသားမကျက်ခင်မှာ အပြင်က တူးသွားတတ်ပါတယ် ......

ငါးကိုကြော်နေတဲ့ အချိန်မှာ အချဉ်ကို စပ်ပေးထားကြရအောင်ပါ ....... ငရုတ်သီးအစိမ်းတောင့်/ အနီတောင့် ၊ ကြက်သွန်ဖြူတို့ကို သကြားနည်းနည်းထည့်ပြီး ထောင်းပေးပါ (ဆိုင်တွေမှာတော့ သကြားမသုံးဘဲ ပြာခဲကို သုံးပါတယ်) ...... ညက်သွားပြီဆိုရင် ခွက်တစ်ခုမှာ စပါးလင်ကို ပါးပါးလှီးပြီးစိမ်ထားတဲ့ အရည်လေး နည်းနည်းထည့်ပေးပါ ...... (အနံ့အတွက်ဖြစ်ပါတယ်) ..... ငါးငံပြာရည်ကြည်နည်းနည်းထည့်ပေးပါ ....... သံပုရာရည် ညှစ်ထည့်ပေးပါ ....... နံနံပင်ပါးပါးလှီးထည့်ပြီးရင်တော့ ဆော့စ်ကို ရပါပြီ .......

ငါး အခွံနီရဲပြီး အသားလည်းကျက်ပြီဆိုရင်တော့ ပန်းကန်ပြားမှာထည့်ပြီး ဆော့စ်ကို ဆမ်းပေးလိုက်ရုံပါပဲ .........

ဟုတ်ကဲ့ အခုဆိုရင် ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားရတဲ့ ချဉ်ငံစပ်ဆော့စ်လေးနဲ့ ငါးကြော်ကို ရပါပြီတဲ့ရှင် ...............

အားလုံးကိုကျေးဇူးပါ ..............................

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........

(ဒီဓါတ်ပုံကို ရိုက်တုန်းက နိုကီရာဖုန်းလေးနဲ့ ဖြစ်သလိုရိုက်လိုက်တာမို့ ဓါတ်ပုံသိပ်မကြည်ဘဲ အရောင်တွေ မညီဖြစ်နေတာ ဆောရီးပါနော် .. )

" ငါးဘဲပုဇွန်ဆိတ် အိုးကပ် " ချက်နည်းသိချင်ရင်တော့ ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ...


" ငါးဘဲပုဇွန်ဆိတ် အိုးကပ် "

ချက်နည်းသိချင်ရင်တော့

ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ

နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ

ကြက်သွန်ဆီသတ်ခြောက်ရင် ငံပြာရည်ထည့်ပါ

ခရမ်းချဉ်သီးကြိတ်ထားတာထည့်ပါ

ခရမ်းချဉ်သီးခြောက်ရင် ငါး ပုဇွန်ဆိတ်ဆားနနွင်းနယ်ထားတာထည့်ပါ

ရေခန်းရင် ရေနည်းနည်းထည့်ပါ

မီးနည်းနည်းနဲ့ တည်ပါ

ရေခန်းခါနီးငြုပ်သီးစိမ်း ပင်စိမ်းအုပ်ပါ

ကျက်ရင်ရပါပြီ

Credit Lay Ma Ma

မူရင်း
https://m.facebook.com/story.php?story_fbid=561247434825011&id=100028192772873 

ပုဇွန် / ဂဏာန်း ဟင်း (cajun style) ဒီနိုင်ငံမှာ နာမည်ကြီးတဲ့ Cajun Style ချက်ထားတဲ့ ဟင်းပါ။ Boiling Crab ဆိုတဲ့ ဆိုင်မှာ သွားစားရင် ၁ နာရ...


ပုဇွန် / ဂဏာန်း ဟင်း (cajun style)

ဒီနိုင်ငံမှာ နာမည်ကြီးတဲ့ Cajun Style ချက်ထားတဲ့ ဟင်းပါ။ Boiling Crab ဆိုတဲ့ ဆိုင်မှာ သွားစားရင် ၁ နာရီ လောက် တန်းစီပြီးစောင့်ရတယ်။ စပ်စပ်လေးမို့ လူကြိုက်များပြီး မြန်မာပါးစပ်နဲ့ လဲ အရမ်းကိုက်ပါတယ်။ ဒီနည်းကို အမကြီးတယောက်က ပေးလို့ အိမ်မှာ ခဏခဏလုပ်စားဖြစ်တယ်။ အဲဒီ ဟင်းထဲထည့်တဲ့ အမှုန့် ကို လူကြုံနဲ့ မှာလို့ ရရင်တော့ ပိုကောင်းပါတယ်။ အဲဒီ အမှုန့် ထဲမှာ အနံ တွေ အကုန်ပါလို့ ပါ။ သေးသေးလေးတထုပ်ကို အခါ ၂၀လောက်လုပ်စားလို့ ရပြီး အလေးချိန်ကလဲပေါ့ပေါ့လေး ဈေးလဲသက်သာလို့ လူကြုံရှိရင်မှာကြည့်လိုက်နော်။ အဲဒီ အထုပ်မရှိရင် အခြားအစားထိုးနည်းနဲ့ လဲချက်လို့ ရပါတယ်။ အချိန် ခဏလေးအတွင်းမှာ ချက်ပြီးနိုင်တဲ့ ဟင်းပါ။ ဆိုင်တွေက ချက်ရင်ထောပတ်ပဲ သုံးပါတယ်။ အိစံကတော့ ထောပတ်နဲ့ ဆီနဲ့ ကို ရောသုံးပါတယ်။

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန် - ၂၅ ကျပ်သား (သို့ ) ၁ ပေါင် (ခေါင်းပါသောပုဇွန် ကိုသုံးလျှင် ပိုစားကောင်းပါသည်။)
(သို့ )
ဂဏာန်း - ၂ကောင်
၂။ Louisiana seafood mix (Comment ပုံမှာပါသောအထုပ်မှ) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
(မရှိလျှင်)
ဆား -လက်ဖက်ရည်ဇွန်း လေးပုံ ၃ပုံ နှင့် ကြက်သွန်ဖြူ မှုန့်  -လက်ဖက်ရည်ဇွန်း လေးပုံတပုံ
၃။ ငရုတ်ဆော့ - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (အစပ်ကြိုက်လျှင် ပိုထည့်နိုင်ပါသည်။)
၎။ အရောင်တင်မှုန့် (paprika) - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅။ ကြက်သွန်ဖြူ - ၃ တက် (တောက်တောက်စင်းထားပါ။)
၆။ သံပုရာသီး - ၁ ခြမ်း
၇။ ထောပတ် - ထမင်းစားဇွန်း ၈ ဇွန်း

ပြုလုပ်နည်း

၁။ ပုဇွန်/ ဂဏာန်း များပြုတ်ရန် အိုးကြီးကြီး တလုံးမှာ ရေနွေးအိုးတည်ပါ။ ရေနွေးအိုးထဲတွင် သံပုရာသီး အ၀ိုင်းလိုက် ၃ ခုလောက်ကို ထည့်ရ်ျ တည်ပါ။
၂။ ရေနွေး ပွက်လာလျှင် ပုဇွန်များကို ထည့်ရ်ျ ၃ မိနစ်ခန့် ပြုတ်ပါ။ (အချိန်ပိုပြုတ်လျှင် စားလို့ မကောင်းပါ။)
ဂဏာန်းကို တော့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးလျှင် ဂဏာန်းများကို ခွာရ်ျ သန့် ၇ှင်းထားပါ။
၃။ ပြုတ်ပြီး သား ပုဇွန်/ ဂဏာန်းများကိုအိုးထဲမှ ဆယ်ပါ။ (သံပုရာသီးအဖတ်များပါဆယ်ပါ။) (ပြုတ်ထားသော အရည်များကို မသွန်ပစ်ပါနဲ့ )

မာလာငါးပေါင်း (အလွယ်နည်း) အိစံ ဒီတခေါက် မြန်မာပြည်ပြန်မှ ညီမတယောက် လိုက်ကျွေးလို့ မာလာငါးပေါင်း စားဖူးတာ။ အ၇မ်းစားလို့ ကောင်းတော့ ဒီ...


မာလာငါးပေါင်း (အလွယ်နည်း)

အိစံ ဒီတခေါက် မြန်မာပြည်ပြန်မှ ညီမတယောက် လိုက်ကျွေးလို့ မာလာငါးပေါင်း စားဖူးတာ။ အ၇မ်းစားလို့ ကောင်းတော့ ဒီပြန်ေ၇ာက်တော့ အိမ်မှာလုပ်စားကြည့်တယ်။ ပထမတခါလုပ်စားတုံးကတော့ အ၇မ်းငံသွားတယ်။ ဒီတခါလုပ်စားတော့ ဆိုင်က အိစံစားခဲ့တဲ့ အ၇သာနဲ့ တပုံစံတည်းထွက်လို့  သူငယ်ချင်းတို့ လဲ လုပ်စားကြည့်၇အောင်လို့ ပါ။ လုပ်နည်းက လွယ်ကူမြန်ဆန်ပါတယ်။ မာလာငါး အနှစ်ထုပ်ကိုသုံးထားတာပါ။

ပါဝင်သောပစ္စည်းများ

၁။ ဆလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ မာလာငါး အနှစ် (Comment ပုံတွင်ပြထားသောအထုပ်မှ) - ထမင်းစားဇွန်း၂ ဇွန်း (သို့ ) အထုပ် ထဲမှ သုံးပုံတပုံ
၃။ မြေပဲ - ထမင်းစားဇွန်း ၂ ဇွန်း
၎။ လှော်ထားသောနှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ကြိုက်နှစ်သက် သလောက်
၆။ ပါးပါးလှီးထားသော တရုတ်နံနံ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့ ) ကြိုက်နှစ်သက်သလောက်
၇။ ဂျင်း- လက်တဆစ်
၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ေ၇ - ထမင်းစားဇွန်း ၄ ဇွန်း

ပြုလုပ်နည်း

၁။ ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့် စင်ထားသောငါးကို ပန်းကန်တခုထဲထည့်ရ်ျ ဂျင်း အ၇ည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့ ၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ထို့ နောက် ငါးကို ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ပေါင်းပါ။ ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအ၇ည်များကို သွန်ပစ်ပါ။ (ထိုအ၇ည်များတွင် အညှီနံများပါသွားပါလိမ့်မည်။)
၂။ မာလာငါးအနှစ်လုပ်၇န်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ ကို တည်ပါ။အနှစ်များ ကျက်ပြီး အ၇မ်းပူလာလျှင် မီးဖိုမီးပိတ်ပီး မြေပဲ၊နှမ်း၊တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ ကို ထည့်ရ်ျ နှံ့ အောင်မွှေပါ။
၃။ ထို့ နောက် ပြုလုပ်ထားသော မာလာငါးအနှစ်ကို ပေါင်းထားသော ငါးပေါ်ဆမ်းပါ။
၎။ အလွန်အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ မာလာငါးပေါင်းကို ထမင်းပူပူဖြင့်သုံးဆောင်နိုင်ပါပြီ။

(ထမင်းစားဇွန်း= 1 tablespoon= 15ml)

တုံယမ်း ဟင်းရည် (၄ -၅ ယောက်စာ) တုံယမ်း ဟင်း၇ည်က ထိုင်း ဟင်းရည်တွေထဲမှာတော့ လူုကြိုက်အများဆုံး ဟင်းရည်ပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အအြီေ...


တုံယမ်း ဟင်းရည် (၄ -၅ ယောက်စာ)

တုံယမ်း ဟင်း၇ည်က ထိုင်း ဟင်းရည်တွေထဲမှာတော့ လူုကြိုက်အများဆုံး ဟင်းရည်ပါ။ ချဉ်ချဉ်စပ်စပ်လေးနဲ့ အအီပြေပြီး သောက်လို့ ကောင်းပါတယ်။ လုပ်နည်းကတော့ တခါလုပ်ပြီးသွားရင်လွယ်ကူသွားတာမို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ

၁။ ပုဇွန် - ၁၅ ကျပ်သား
၂။ ပြည်ကြီးငါး - ၁၀ သား (မထည့်လဲရ)
၃။ ကြိုက်နှစ်သက်၇ာမှို - ၅ ကျပ်သား
၎။ ရေ (သို့ ) ကြက်ပြုတ်ရည် - ၄ ခွက် (၁ လီတာ)
၅။ ပဒဲကော - လက်တ ဆစ်
၆။ စပါးလင် - ၂ ချောင်း
၇။ ငရုတ်သီးစိမ်း အနီတောင့် - ၂ တောင့်
၈။ ငရုတ်သီး စိမ်းတောင့် - ၅ တောင့်
၉။ ရှောက်ရွက် - ၅ ရွက်
၁၀။ ခရမ်းချဉ်သီး - ၂ လုံး
၁၁။ ကြက်သွန်နီ - ၂ လုံး
၁၂။ ယိုးဒယား ငံပြာရည် - ထမင်းစားဇွန်း ၂ ဇွန်း (သို့ ) ၃ ဇွန်း
၁၃။ သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း ခွဲ
၁၄။ သံပုရာသီး - ၁ လုံး (သို့ ) ၂ လုံး
၁၅။ နံနံပင် - အနည်းငယ် (မထည့်လဲရ)

( ၁ ခွက် = 240ml = ၇ိုး၇ိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း


၁။ ပုဇွန်ကို ခေါင်းဖြုတ်၊ အခွံနွှာပြီး သန့် စင်ထားပါ။ (ခေါင်းနဲ့ အခွံတွေကို မလွှင့်ပစ်ပါနဲ့ ။) ပြည်ကြီးငါးကို သန့် စင်ပြီး အတုံးတုံးထားပါ။ ပဒဲကောကို အပြားလိုက်လှီးရ်ျ ငရုတ်ကြည်ပွေ့ ဖြင့် ထုထားပါ။ စပါးလင်ကို အပေါ် တလွှာခွာရ်ျ ၃ ပိုင်းပိုင်းပြီး ငရုတ်ကြည်ပွေ့ ဖြင့် ထုထားပါ။ ငရုတ်သီးစိမ်း အနီတောင့် ၂ တောင့်ကို ညက်နေအောင်ထောင်းထားပါ။ ခရမ်းချဉ်သီး ၊ကြက်သွန်နီကို ၄ ခြမ်းခြမ်းထားပါ။ (အလုံးကြီးလျှင် လေးထောင့် အတုံးလေးတွေ တုံးထားပါ။) မှိုကို ၂ ခြမ်း ခြမ်းထားပါ။
၂။ ကြက်ပြုတ်ရည် (သို့ )ရေထဲကို ပုဇွန်ခေါင်းနှင့် အခွံများ၊ စပါးလင်၊ ပဒဲကော၊ ရှောက်ရွက်၊ ထောင်းထားသော ငရုတ်သီးအနီများကိုထည့်ရ်ျ ပွက်လာသည်အထိတည်ပါ။ ပွက်လာလျှင် မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ထားပါ။
၃။ ၁၅ မိနစ်ခန့် တည်ပြီးလျှင် အိုးထဲမှ ပုဇွန်ခေါင်း၊အခွံ ၊စပါးလင်၊ပဒဲကော၊ ရှောက်ရွက် တို့ ကို ဇကာတခုဖြင့် ဆယ်ရ်ျဖယ်လိုက်ပါ။
၎။ ဟင်းရည် အိုးထဲကို ငံပြာရည်၊ သကြား၊ ငရုတ်သီး အစိမ်းတောင့်၊ ပုဇွန်၊ ပြည်ကြီးငါး၊ ခ၇မ်းချဉ်သီး တို့ ကိုထည့်ရ်ျ ၁၅ မိနစ်ခန့် တည်ပါ။
၅။ မီးဖိုပေါ်မှ ချခါနီးမှ သံပုရာရည်ကို ညှစ်ပါ။ ပထမဆုံး တလုံးမှ အ၇ည်များညှစ်ပြီး မြည်းကြည့်ပါ။ လိုအပ်မှ နောက်တလုံးမှ အ၇ည်ညှစ်ထည့်ပါ။
၆။ စားခါနီးတွင် အပေါ်မှ နံနံပင် အုပ်ပါ။ (မထည့်လဲ၇)
၇။ ချဉ်ချဉ်စပ်စပ်မွှေးမွှေးနဲ့ တုံယမ်း ဟင်းရည်ကိုသုံးတောင်နိုင်ပါပြီ။

ငါးကင်လုပ်နည်းမေးထားတဲ့ သူများအတွက် အနံ့ မွှေးမွှေးငါးကင်လေးပါ။ ပါဝင်သောပစ္စည်းများ ၁။ စလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာ ငါး - ၁ ကေ...


ငါးကင်လုပ်နည်းမေးထားတဲ့ သူများအတွက် အနံ့ မွှေးမွှေးငါးကင်လေးပါ။

ပါဝင်သောပစ္စည်းများ
၁။ စလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာ ငါး - ၁ ကောင်
၂။ ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ (သို့ ) အနည်းငယ် (ငါးအကောင် အကြီးအသေးပေါ်မူတည်ရ်ျ)
၃။ ဂျင်း - လက်တဆစ်
၎။ ကြက်သွန်ဖြူ - ၂ မွှာ
၅။ နံနံပင် - ၁၀ ပင်
၆။ ရှမ်းနံနံ - ၁၀ ပင်
၇။ ငရုတ်သီးစိမ်း - ၅ တောင့်
၈။ ငရုတ်သီးဆီချက် (တရုတ်မပုံ ပုလင်း) (မရှိလျှင် ငရုတ်သီးအကြမ်းမှုန့် နှင့် တရုတ်မဆလာကို ဆီသပ်ထားပါ။)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)

ပြုလုပ်နည်း
၁။ ငါးကို သန့် စင်ပြီး တဖက်တချက်ဆီကို မွှန်းထားပါ။ ဂျင်း နှင့် ကြက်သွန်ဖြူကို ညက်အောင်ထောင်းထားပါ။
၂။ ဂျင်းနှင့် ကြက်သွန်ဖြူ မှ အ၇ည်ကို ငါးပေါ်သို့ အနှံ့ ညှစ်ချပါ။ ဗိုက်သားထဲကို ပါ ညှစ်ပါ။ ထို့ နောက် ဆားဖြင့် ငါး အနှံ့ သုတ်ပါ။
၃။ အရည်ညှစ်ထားသော ဂျင်း၊ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ရှမ်းနံနံ၊ နံနံပင် တို့ ကို ထောင်းပါ။ ထောင်းထားသောအစာပလာများကို ငါးရဲ့ ဗိုက်သားထဲကို အစာသွပ်ပါ။
၎။ ငရုတ်သီးဆီချက်ကို ငါးရဲ့ မျက်နှာပြင် ၂ ဖက်လုံးကို စုတ်တံ ဖြင့်သုတ်ထားပါ။
၅။ ငါးကင်လို့ ရပါပြီ။ ငါးကင်နေစဉ်မှာ ငါးရဲ့ မျက်နှာပြင်ကို ငရုတ်သီးဆီချက်ဖြင့် သုတ်ပေးပါ။ (အစပ်ကြိုက်လျှင် ငရုတ်သီးအဖတ်တွေပါ သုပ်ပါ။) ငါးကင်ကင်မည့် သံပြားကိုလဲဆီသုတ်ပါ။ ငါးအရေခွံများ ကပ်မသွားအောင်လို့ ပါ။