Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

Showing posts with label အမဲသား. Show all posts

ရခိုင်ရိုးရာအမဲသားကြောင်ချက် အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲ...



ရခိုင်ရိုးရာအမဲသားကြောင်ချက်

အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲသားနဲ့ချက်ပါတယ်။
ချက်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

အကြောပါအမဲသား..........၃၀ သား
ကြက်သွန်နီ........................၃လုံး
ကြက်သွန်ဖြူ.....................၅တက်
ချင်းသေးသေး...................၁တက်
စပါးလင်............................၂ပင်
ငရုတ်သီးစိမ်း.....................၂၀တောင့်
ပင်စိမ်း+ရှမ်းနံနံ................ ..၅ပင်စီ
ငါးပိ........... ကွမ်းသီးလုံးကြီးကြီး၁လုံးခန့်

ပြုလုပ်နည်း

ပထမဆုံး ကိုယ်သုံးမယ့်အသားကို ၁.၅စင်တီမီတာ အတုံးငယ်လေးများတုံးပြီး နနွင်းမှုန့်၊ ငါးပိ၊ ဆား၊ အရသာမှုန့်၊ ရမ်အရက်တစ်ဖုံးခန့်ထည့်နယ်ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။
ထိုစဥ်အတွင်း ချင်း၊ စပါးလင်ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဥ်းပါ။
အဖုံးလုံသောအိုးတစ်လုံးမှာအရသာနယ်ထားသောအသားကိုထည့်ပါ။
နုပ်နုပ်စဥ်းထားသောချင်း၊ စပါးလင်တွေထည့်မွှေပြီးဆီဟင်းချက်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ကာ အဖုံးအုပ်ပြီးစတင်အပူပေးပါ။
ပထမအဆင့် အသားအိုးတည်ထားချိန်မှာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုနုပ်နုပ်စဥ်းထားပါ။
ပထမတစ်ရစ်ရေခမ်းဆီပြန်လာတာနဲ့နုပ်နုပ်စဥ်းထားတဲ့ကြက်သွန်နီ၊ ဖြူ ထည့်ပါ။
ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ရှမ်းနံနံတို့ကိုလဲခပ်ကြမ်းကြမ်းစဥ်းထားပါ။
ဒုတိယတစ်ကြိမ်ရေခမ်းဆီပြန်လာလျှင်ငရုတ်သီးစိမ်း၊ ပင်စိမ်းတွေထည့်ပြီးသမအောင်မွှေပြီး (၃)မိနစ်ခန့်အဖုံးအုပ်ထားပါ။