ရခိုင်ရိုးရာအမဲသားကြောင်ချက်
အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက
ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲသားနဲ့ချက်ပါတယ်။
ချက်ကြည့်ကြရအောင်။
ပါဝင်ပစ္စည်းများ
အကြောပါအမဲသား..........၃၀ သား
ကြက်သွန်နီ........................၃လုံး
ကြက်သွန်ဖြူ.....................၅တက်
ချင်းသေးသေး...................၁တက်
စပါးလင်............................၂ပင်
ငရုတ်သီးစိမ်း.....................၂၀တောင့်
ပင်စိမ်း+ရှမ်းနံနံ................
..၅ပင်စီ
ငါးပိ...........
ကွမ်းသီးလုံးကြီးကြီး၁လုံးခန့်
ပြုလုပ်နည်း
ပထမဆုံး ကိုယ်သုံးမယ့်အသားကို
၁.၅စင်တီမီတာ အတုံးငယ်လေးများတုံးပြီး နနွင်းမှုန့်၊ ငါးပိ၊ ဆား၊ အရသာမှုန့်၊
ရမ်အရက်တစ်ဖုံးခန့်ထည့်နယ်ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။
ထိုစဥ်အတွင်း ချင်း၊ စပါးလင်ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဥ်းပါ။
အဖုံးလုံသောအိုးတစ်လုံးမှာအရသာနယ်ထားသောအသားကိုထည့်ပါ။
နုပ်နုပ်စဥ်းထားသောချင်း၊
စပါးလင်တွေထည့်မွှေပြီးဆီဟင်းချက်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ကာ
အဖုံးအုပ်ပြီးစတင်အပူပေးပါ။
ပထမအဆင့် အသားအိုးတည်ထားချိန်မှာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုနုပ်နုပ်စဥ်းထားပါ။
ပထမတစ်ရစ်ရေခမ်းဆီပြန်လာတာနဲ့နုပ်နုပ်စဥ်းထားတဲ့ကြက်သွန်နီ၊
ဖြူ ထည့်ပါ။
ငရုတ်သီးစိမ်း၊ ပင်စိမ်း၊
ရှမ်းနံနံတို့ကိုလဲခပ်ကြမ်းကြမ်းစဥ်းထားပါ။
ဒုတိယတစ်ကြိမ်ရေခမ်းဆီပြန်လာလျှင်ငရုတ်သီးစိမ်း၊
ပင်စိမ်းတွေထည့်ပြီးသမအောင်မွှေပြီး (၃)မိနစ်ခန့်အဖုံးအုပ်ထားပါ။
0 comments: