ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်) ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ...... မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံက...
ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်)
ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်)
ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ......
မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံကို ရေနွေးလေးနဲ့ ပွတ်ဆေးပေးပါ ...... အသားနွှင်ထားပေးပါ ......
ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ /နီ ၊ ဂျင်း နဲ့ ဆနွင်းမှုန့်နည်းနည်းကို ရောထောင်းပေးပါ ...... ပြီးရင်တော့ ဆီသတ်ပါ ....... ဆီကျက်ပြီဆိုရင် ထောင်းထားတဲ့အနှစ်ကို ထည့်မွှေပေးပါ ....... ငရုတ်သီးစိမ်းအနံ့လေး ပျောက်ပြီး မွှေးလာပြီဆိုရင် ငပိနည်းနည်းထည့်မွှေပေးပါ (မကြိုက်ရင် မထည့်လို့လည်း ရပါတယ်) ..... အနံ့လေး ပိုမွှေးသွားပြီး အရသာပိုရှိသွားအောင်လို့ပါ ...... ပြီးရင်တော့ အသားနွှင်ထားတဲ့ ငလိပ်ကျောက်ကို မွှေပေးပါ ..... ရေနည်းနည်းထည့်ပေးပါ ..... အရည်လည်းခမ်းပြီဆိုရင် မကျည်းနှစ်ပျစ်ပျစ်လေး ရေဖျော်ထည့်ပေးပြီး မွှေပေးပါ .... အဖုံးလေးပြန်အုပ်ထားပြီး ဆီပြန်လာပြီ အနှစ်လေးကျလာပြီ ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အရသာ အချို အချဉ် အငံ မြည်းပြီး အနေတော်ဖြစ်ပြီဆိုရင်တော့ နံနံပင်လေး အုပ်ပေးပြီး အိုးဖုံးလေး ပြန်ဖုံးပေးပါ .... တအောင့်လေးထားပြီးရင်တော့ အနံ့အရသာလေးအပြည့်နဲ့ ကောင်းမွန်တဲ့ ငလိပ်ကျောက်ဒလှိမ့် (မွှေကြော်) လေး ကို ရပါပြီ
Share This
About author: Cook tutor
Cress arugula peanut tigernut wattle seed kombu parsnip. Lotus root mung bean arugula tigernut horseradish endive yarrow gourd. Radicchio cress avocado garlic quandong collard greens.
Subscribe to:
Post Comments (Atom)
0 comments: