Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်) စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............ ငါးကိ...

Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်)


Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်)

စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............

ငါးကို ဆေးနေကျအတိုင်း ဆား ၊ ဆနွင်းမှုန့်တို့နဲ့ သေချာလေးဆေးပေးပါ ...........

ငါးအရွယ်အစားကိုလိုက်ပြီး တစ်ဘက်ကို နှစ်ကြောင်း သုံးကြောင်းခန့် မွှန်းပေးပါ ...... အသားထဲကို အရသာတွေ ဝင်သွားစေဖို့ဖြစ်ပါတယ် ..... ပြီးရင်တော့ ဂျင်းထောင်း ၊ ဆနွင်းအနည်းငယ် ၊ ငါးငံပြာရည်နည်းနည်းနဲ့ သေချာနယ်ပေးပါ ....... ငရုတ်ကောင်းမှုန့်အနည်းငယ်လည်း ထည့်နယ်ပေးလို့ရပါတယ် ......

နယ်ထားတဲ့ ငါးကို မီးအေးအေးနဲ့ အချိန်အတော်ကြာအောင် ကြော်ပေးပါ ...... မီးပြင်းရင် အထဲကအသားမကျက်ခင်မှာ အပြင်က တူးသွားတတ်ပါတယ် ......

ငါးကိုကြော်နေတဲ့ အချိန်မှာ အချဉ်ကို စပ်ပေးထားကြရအောင်ပါ ....... ငရုတ်သီးအစိမ်းတောင့်/ အနီတောင့် ၊ ကြက်သွန်ဖြူတို့ကို သကြားနည်းနည်းထည့်ပြီး ထောင်းပေးပါ (ဆိုင်တွေမှာတော့ သကြားမသုံးဘဲ ပြာခဲကို သုံးပါတယ်) ...... ညက်သွားပြီဆိုရင် ခွက်တစ်ခုမှာ စပါးလင်ကို ပါးပါးလှီးပြီးစိမ်ထားတဲ့ အရည်လေး နည်းနည်းထည့်ပေးပါ ...... (အနံ့အတွက်ဖြစ်ပါတယ်) ..... ငါးငံပြာရည်ကြည်နည်းနည်းထည့်ပေးပါ ....... သံပုရာရည် ညှစ်ထည့်ပေးပါ ....... နံနံပင်ပါးပါးလှီးထည့်ပြီးရင်တော့ ဆော့စ်ကို ရပါပြီ .......

ငါး အခွံနီရဲပြီး အသားလည်းကျက်ပြီဆိုရင်တော့ ပန်းကန်ပြားမှာထည့်ပြီး ဆော့စ်ကို ဆမ်းပေးလိုက်ရုံပါပဲ .........

ဟုတ်ကဲ့ အခုဆိုရင် ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားရတဲ့ ချဉ်ငံစပ်ဆော့စ်လေးနဲ့ ငါးကြော်ကို ရပါပြီတဲ့ရှင် ...............

အားလုံးကိုကျေးဇူးပါ ..............................

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........

(ဒီဓါတ်ပုံကို ရိုက်တုန်းက နိုကီရာဖုန်းလေးနဲ့ ဖြစ်သလိုရိုက်လိုက်တာမို့ ဓါတ်ပုံသိပ်မကြည်ဘဲ အရောင်တွေ မညီဖြစ်နေတာ ဆောရီးပါနော် .. )

0 comments: