Unicode
အာလူးသေးသေးလေး ရခိုင်ချက်
ရခိုင်တွေရဲ့ အကြိုက်ဆုံး အစားအစာထဲက တစ်ခုပါ ......
ဒီအာလူးသေးသေးလေးတွေကို ရန်ကုန်မှာလည်း ရခိုင်အသည်တွေ ရောင်းရင်တော့ ရတတ်ပါတယ် ........ ဒီအာလူးလေးတွေဟာ ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်က အာလူးလေးတွေပါ ...... မိုးနဲ့ဆောင်း စပ်ကူးမတ်ကူးကနေ ဆောင်းတွင်းထဲ တောက်လျှောက်ရတတ်ပါတယ် ..... ဆောင်းရာသီစာပါ .... ဒီ အာလူးလေးတွေဟာ တခြားအာလူးတွေနဲ့ အရသာ သိပ်သည်းဆတို့ မတူပါဘူး ..... တခြားအာလူးတွေလို ပွမနေဘဲ အရမ်းစီးတဲ့ အာလူးတွေပါ ......
ပြုလုပ်ပုံ
အာလူးလေးတွေကို ဆားထည့်ပြီး ဆေးပေးပါ ......
ရေနဲ့စင်အောင် သေချာအထပ်ထပ်ဆေးပေးပါ ......
ပြီးရင် အာလူးလေးတွေကို နှစ်ခြမ်းခွဲပေးပါ .....
ချက်မယ့်အိုးထဲထည့်ပြီး ငရုတ်သီးစိမ်းကို စိတ်ထည့်ပေးပါ .....
ငပိစိမ်းစားအနည်းငယ်ထည့်ပေးပါ .....
ဆား ၊ အရသာမှုန့် ချိန်ဆထည့်ပေးပါ ......
ငခြောက်ကို ရေဆေးပြီး အတုံးလေးတွေတုံးပြီး ထည့်ပေးလို့လည်း ရပါတယ် .....
ဆီနည်းနည်းထည့် ၊ ရေကို အာလူးတမြှုပ်ထည့် အိုးဖုံးလေးဖုံး ချက်ပေးရုံပါပဲ ......
ဟင်းအိုးဆူပြီး အာလူးရော ငခြောက်ရော နူးပြီဆိုရင် ရေစည်းအောင် နည်းနည်းထားပေးပါ .....
မကျည်းနှစ် နည်းနည်းဖျော်ထည့်ပေးပါ ......
နောက်တဖန် ရေစည်းပြီဆိုရင်တော့ ရခိုင်လူမျိုးတွေရဲ့ အကြိုက်ဆုံးဟင်းလျာထဲက တစ်မျိုးဖြစ်တဲ့ စားချင့်စဖွယ် အာလူးငပိချက်ဟင်းကို ရပါပြီတဲ့ရှင် ...........
မှတ်ချက် - ဒီဟင်းလေးကို မစားရတာ နှစ်နှစ်ကြာပြီးမှ ဒီနေ့ ပြန်စားရတာမို့ အထူးတလည် တင်ပေးလိုက်တာပါ ....
ရခိုင္ေတြရဲ႕ အၾကိဳက္ဆံုး အစားအစာထဲက တစ္ခုပါ ......
ဒီအာလူးေသးေသးေလးေတြကို ရန္ကုန္မွာလည္း ရခုိင္အသည္ေတြ ေရာင္းရင္ေတာ့ ရတတ္ပါတယ္ ........ ဒီအာလူးေလးေတြဟာ ရခုိင္ျပည္ ဘူးသီးေတာင္ျမိဳ႕နယ္က အာလူးေလးေတြပါ ...... မိုးနဲ႔ေဆာင္း စပ္ကူးမတ္ကူးကေန ေဆာင္းတြင္းထဲ ေတာက္ေလွ်ာက္ရတတ္ပါတယ္ ..... ေဆာင္းရာသီစာပါ .... ဒီ အာလူးေလးေတြဟာ တျခားအာလူးေတြနဲ႔ အရသာ သိပ္သည္းဆတို႔ မတူပါဘူး ..... တျခားအာလူးေတြလို ပြမေနဘဲ အရမ္းစီးတဲ့ အာလူးေတြပါ ......
ျပဳလုပ္ပံု
အာလူးေလးေတြကို ဆားထည့္ျပီး ေဆးေပးပါ ......
ေရနဲ႔စင္ေအာင္ ေသခ်ာအထပ္ထပ္ေဆးေပးပါ ......
ျပီးရင္ အာလူးေလးေတြကို ႏွစ္ျခမ္းခြဲေပးပါ .....
ခ်က္မယ့္အိုးထဲထည့္ျပီး ငရုတ္သီးစိမ္းကို စိတ္ထည့္ေပးပါ .....
ငပိစိမ္းစားအနည္းငယ္ထည့္ေပးပါ .....
ဆား ၊ အရသာမႈန္႔ ခ်ိန္ဆထည့္ေပးပါ ......
ငေျခာက္ကို ေရေဆးျပီး အတံုးေလးေတြတံုးျပီး ထည့္ေပးလို႔လည္း ရပါတယ္ .....
ဆီနည္းနည္းထည့္ ၊ ေရကို အာလူးတျမွဳပ္ထည့္ အိုးဖံုးေလးဖံုး ခ်က္ေပးရံုပါပဲ ......
ဟင္းအိုးဆူျပီး အာလူးေရာ ငေျခာက္ေရာ ႏူးျပီဆိုရင္ ေရစည္းေအာင္ နည္းနည္းထားေပးပါ .....
မက်ည္းႏွစ္ နည္းနည္းေဖ်ာ္ထည့္ေပးပါ ......
ေနာက္တဖန္ ေရစည္းျပီဆိုရင္ေတာ့ ရခိုင္လူမ်ဳိးေတြရဲ႕ အၾကိဳက္ဆံုးဟင္းလ်ာထဲက တစ္မ်ဳိးျဖစ္တဲ့ စားခ်င့္စဖြယ္ အာလူးငပိခ်က္ဟင္းကို ရပါျပီတဲ့ရွင္ ...........
မွတ္ခ်က္ - ဒီဟင္းေလးကို မစားရတာ ႏွစ္ႏွစ္ၾကာျပီးမွ ဒီေန႔ ျပန္စားရတာမို႔ အထူးတလည္ တင္ေပးလိုက္တာပါ ....
Zawgyi
အာလူးေသးေသးေလး ရခိုင္ခ်က္ရခိုင္ေတြရဲ႕ အၾကိဳက္ဆံုး အစားအစာထဲက တစ္ခုပါ ......

0 comments: