ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ... လယ်ဟင်းးးးးးးးးးးးး ... ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတ...
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော်
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ...
လယ်ဟင်းးးးးးးးးးးးး ...
ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတယ် ... အဲရွာရောက်မှ ယာခင်းပြင် အကျယ်ကြီး လယ်ကွက်တွေမြင်ဖူးတာပါ ... ရောက်ရောက်ချင်းနေ့မှာပဲ ကိုယ့်အရှေ့တင် သွားခူးတဲ့ ဖရဲသီးနဲ့ ချိုးလာတဲ့ ကြံပင်တွေ နဲ့ အရင်ဆုံး ဧည့်ခံပါတယ် ... ကိုယ်တွေမြို့မှာ ဝယ်စားတဲ့ အရသာနဲ့ ဘာမှ မဆိုင် ... ဟင်းချက်ဖို့ အသီးအရွက်တွေဆိုလည်း ယာခင်းထဲက ခူးရုံပဲ ... ကိုယ့်ခင်းမှာ မရှိတဲ့ဟာဆို သူများခင်းသွားပြီး " အရီး ဟင်းတစ်နပ်စာယူသွားမယ်နော်" ဆိုပြီး ခူးရုံပါပဲ ... အဲသလို ယာခင်းထဲက ခူးလာတဲ့ ခရမ်းသီး ၊ ပဲစင်ပေါ်က ခူးထားတဲ့ ပဲပြားသီး နဲ့ ရခိုင်ဒေသထွက် ငနီတူခြောက်လေးကို ကြာတွေပွင့်နေတဲ့ ရွာဦးကန်ကရေလေးနဲ့ သေချာရေဆေးပြီး မြေအိုးကင်းလေးထဲထည့် ... ရခိုင်ဒေသထွက် ငပိလေးအနည်းငယ်ထည့် ... ယာခင်းကထွက်တဲ့ အစပ်မများတဲ့ ငရုတ်သီးပွပွလေးတွေကို ဓါးလေးနဲ့ နှစ်ခြမ်းခြမ်းထည့်ပြီး မျှင်ပုစွန်လေးနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီး အိုးဖုံးလေးဖုံးထားပြီး ထင်းချောင်းတွေ မီးမွှေးထားတဲ့ ဖိုခလောက်သုံးခုနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းအိုးဆူလာ ၊ ဟင်းနံ့လေးမွှေးပြီး ထွက်လာတဲ့အထိထားထားပြီးရင်တော့ ရခိုင်ယာခင်းထမင်းဝိုင်းလေးအတွက် အနံ့အရသာပြည့်စုံရုံမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ခုခူး ခုချက်ထားတဲ့ လတ်ဆတ်တဲ့ အသီးအရွက်ရဲ့ အချိုအရသာပါ ထပ်လောင်းထားတဲ့ ယာခင်းဟင်းတစ်မယ် ရပါပြီ .... ချဉ်ပေါင်ရွက်ရည်ကြဲလေးတစ်ခွက် နဲ့ မြင်းခွါရွက် သေးသေးလေး ၊ မုန်လာပင်ပေါက် သေးသေးလေးကို ရေနွေးဖျောပြီး သိပ်မစပ်တဲ့ ငရုပ်ပွကိုမီးဖုတ်ပြီး ငပိထောင်းလေးပါလိုက်မယ်ဆို တော်တော်ကို အရသာရှိတဲ့ ထမင်းဝိုင်းလေး တစ်ဝိုင်းဖြစ်ပါပြီ
Share This
About author: Cook tutor
Cress arugula peanut tigernut wattle seed kombu parsnip. Lotus root mung bean arugula tigernut horseradish endive yarrow gourd. Radicchio cress avocado garlic quandong collard greens.
Subscribe to:
Post Comments (Atom)




0 comments: