Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ရခိုင်သင်္ဘောသီးထောင်း ... (ပဒဂါသီးသုပ်) .... လုပ်နည်း - သင်္ဘောသီးကို အခွံခွါ သေချာရေဆေးပြီး အောက်က ရေစလုံကြီးခံပြီး အတုံးသေးတွေဖြစ်အောင် ...

ရခိုင်သင်္ဘောသီးထောင်


ရခိုင်သင်္ဘောသီးထောင်း ... (ပဒဂါသီးသုပ်) ....

လုပ်နည်း - သင်္ဘောသီးကို အခွံခွါ သေချာရေဆေးပြီး အောက်က ရေစလုံကြီးခံပြီး အတုံးသေးတွေဖြစ်အောင် ပေါက်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီး အစိမ်း / အခြောက် (မိမိကြိုက် နှစ်သက်တာကိုရွေးပါ) ကို စိမ်းစားငပိထည့်ပြီး ထောင်းပေးပါ ..... ငရုတ်သီး အခြောက်ဆိုရင်တော့ မီးကင်ပေးစရာမလိုပေမယ့် ငရုတ်သီးအစိမ်းဆိုရင်တော့ မီးကင်ပေးပါ ..... ငရုတ်ကောင်းထည့်ပေးပါ ..... ပြီးရင် ရောနယ်ရုံပါပဲ ...... မကျည်းသီးနှစ် ကောင်းကောင်း ထည့်ပေးရပါမယ် ... အပေါ့ အငန် အချို အချဉ် က မိမိကြိုက်သလောက်ကို ထည့်ပေးပါ ... မကျည်းသီး အစိမ်းကို ငရုပ်သီးထောင်းချိန်မှာ တပါတည်း ထည့်ထောင်းပြီး သုပ်ရင်လည်း ရပါတယ် ......

0 comments: