Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ရခိုင်ရိုးရာအမဲသားကြောင်ချက် အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲ...



ရခိုင်ရိုးရာအမဲသားကြောင်ချက်

အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲသားနဲ့ချက်ပါတယ်။
ချက်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

အကြောပါအမဲသား..........၃၀ သား
ကြက်သွန်နီ........................၃လုံး
ကြက်သွန်ဖြူ.....................၅တက်
ချင်းသေးသေး...................၁တက်
စပါးလင်............................၂ပင်
ငရုတ်သီးစိမ်း.....................၂၀တောင့်
ပင်စိမ်း+ရှမ်းနံနံ................ ..၅ပင်စီ
ငါးပိ........... ကွမ်းသီးလုံးကြီးကြီး၁လုံးခန့်

ပြုလုပ်နည်း

ပထမဆုံး ကိုယ်သုံးမယ့်အသားကို ၁.၅စင်တီမီတာ အတုံးငယ်လေးများတုံးပြီး နနွင်းမှုန့်၊ ငါးပိ၊ ဆား၊ အရသာမှုန့်၊ ရမ်အရက်တစ်ဖုံးခန့်ထည့်နယ်ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။
ထိုစဥ်အတွင်း ချင်း၊ စပါးလင်ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဥ်းပါ။
အဖုံးလုံသောအိုးတစ်လုံးမှာအရသာနယ်ထားသောအသားကိုထည့်ပါ။
နုပ်နုပ်စဥ်းထားသောချင်း၊ စပါးလင်တွေထည့်မွှေပြီးဆီဟင်းချက်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ကာ အဖုံးအုပ်ပြီးစတင်အပူပေးပါ။
ပထမအဆင့် အသားအိုးတည်ထားချိန်မှာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုနုပ်နုပ်စဥ်းထားပါ။
ပထမတစ်ရစ်ရေခမ်းဆီပြန်လာတာနဲ့နုပ်နုပ်စဥ်းထားတဲ့ကြက်သွန်နီ၊ ဖြူ ထည့်ပါ။
ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ရှမ်းနံနံတို့ကိုလဲခပ်ကြမ်းကြမ်းစဥ်းထားပါ။
ဒုတိယတစ်ကြိမ်ရေခမ်းဆီပြန်လာလျှင်ငရုတ်သီးစိမ်း၊ ပင်စိမ်းတွေထည့်ပြီးသမအောင်မွှေပြီး (၃)မိနစ်ခန့်အဖုံးအုပ်ထားပါ။

" ငါးဘဲပုဇွန်ဆိတ် အိုးကပ် " ချက်နည်းသိချင်ရင်တော့ ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ...


" ငါးဘဲပုဇွန်ဆိတ် အိုးကပ် "

ချက်နည်းသိချင်ရင်တော့

ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ

နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ

ကြက်သွန်ဆီသတ်ခြောက်ရင် ငံပြာရည်ထည့်ပါ

ခရမ်းချဉ်သီးကြိတ်ထားတာထည့်ပါ

ခရမ်းချဉ်သီးခြောက်ရင် ငါး ပုဇွန်ဆိတ်ဆားနနွင်းနယ်ထားတာထည့်ပါ

ရေခန်းရင် ရေနည်းနည်းထည့်ပါ

မီးနည်းနည်းနဲ့ တည်ပါ

ရေခန်းခါနီးငြုပ်သီးစိမ်း ပင်စိမ်းအုပ်ပါ

ကျက်ရင်ရပါပြီ

Credit Lay Ma Ma

မူရင်း
https://m.facebook.com/story.php?story_fbid=561247434825011&id=100028192772873 

ပုဇွန်  နဲ့ ငံပြာရည် ကြော် ပုဇွန်လေးတေ သန့်စင်ထားပါ။ ကြက်သွန် နီ သုးံလုးံ ကြက်သွန်ဖြူ လေးတတ် ငရုပ်ကြမ်းမှုန့် သုးံဇွန်း ငံပြာရည် သုးံ...



ပုဇွန် နဲ့ ငံပြာရည် ကြော်
ပုဇွန်လေးတေ သန့်စင်ထားပါ။ ကြက်သွန် နီ သုးံလုးံ
ကြက်သွန်ဖြူ လေးတတ်
ငရုပ်ကြမ်းမှုန့် သုးံဇွန်း
ငံပြာရည် သုးံဇွန်း ဆီသက်ပါ ။
ကျက်လျှင် ပုဇွန် ထည့် ခဏ ထားပြီး အချိုငံ မြည်း သုးံဆောင် နိုင်ပါသည်။

ဝက်သနီချက် ဝက်သားကိုအရသာမှုန့်နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်နီကို ပုံမှန်လှီးနေကျထက် ထူထူလေးလှီးထားပါ။ ဒယ်အိုးထဲဆီထည့်ပြီး သကြားအနည်းငယ်ထ...


ဝက်သနီချက်

ဝက်သားကိုအရသာမှုန့်နယ်ပြီးနှပ်ထားပေးပါ။ ကြက်သွန်နီကို ပုံမှန်လှီးနေကျထက် ထူထူလေးလှီးထားပါ။ ဒယ်အိုးထဲဆီထည့်ပြီး သကြားအနည်းငယ်ထည့်ပါ။ သကြားအရောင်ရဲလာပြီဆိုမှ ထောင်းထားသောဂျင်း နဲ့ ကြက်သွန်နီထည့်ပါ။

အနည်းငယ်ကြာမှ ကြက်သွန်ဖြူထည့်ပြီး နွမ်းသည်အထိဆီသပ်ပါ။ ပြီးမှ ဝက်သားတုံးထည့်ပါ။ မွှေပေးပါ။ အသားအနည်းငယ်မာလာမှ ခရုဆီ ဆား အရသာမှုန့် ရေ ထည့်ပြီး ဝက်သားနူးပြီး ရေခမ်း အနှစ်ကျသည်အထိတည်ပေးရုံပါဘဲ။

မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော် 

ငါးချဉ်ပေါင်ချက် အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃...


ငါးချဉ်ပေါင်ချက်

အချဉ်ဟင်းမဟုတ်ဘဲ ပျစ်ပျစ်လေးချက်ထားတဲ့ဟင်းပါ။ ချဉ်ပေါင် ငပိစိမ်းစား နဲ့ ငရုတ်သီးစိမ်းကို ဒီတိုင်းအဖုံးအုပ်တည်ထားပြီး ၃မိနစ်လောက်ကြာတော့မှ ချဉ်ပေါင်အရွက်နွမ်းတွေကို ဇွန်းနဲ့ မကျေတကျေလေးချေပြီး မီးပိတ်ထားလိုက်တယ်။

ငါးကို ဆား အရသာမှုန့် ဆနွင်းအနည်းငယ်ထည့်ပြီး နယ်ထားကာ နှပ်ထားပေးပါ။

ကြက်သွန်ဖြူနီညက်အောင်ထောင်းပြီး ဆီသပ်ပါ။ အရောင်လှစေဖို့အတွက် ငရုတ်အစိမ်းမှုန့်အနည်းငယ်ထည့်ပြီး ဆီသပ်ပေးပါ။ ပြီးမှ ငါး ဆား အရသာမှုန့် ရေအနည်းငယ် ထည့်ပြီး ချက်ပါ။ ရေခမ်းပြီဆို မီးပိတ်ထားလိုက်တယ်။ ကျက်တဲ့ထိချက်စရာမလိုပါဖူး။

ခုနကချက်ထားတဲ့ချဉ်ပေါင်ထဲကို ရေထည့်။ အရည်ကျဲတောက်ကြီးဖြစ်အောင်ရေတွေမတရားမထည့်ပါနဲ့။ အနေတော်လေးဘဲထည့်ပြီးတည်ပါ။ ဟင်းအိုးဆူလာပြီဆို အပေါ်က ချက်ထားတဲ့ ငါးရော ဟင်းအဆီအနှစ်တွေရော ချဉ်ပေါင်အိုးထဲရောထည့်။ ဆား အရသာမှုန့် ထည့်ပြီး ကြာကြာလေးပွက်ပွက်ဆူသည်အထိတည်ပါ။ နောက်ဆုံးမှ ပင်စိမ်းအုပ်ပါ။ တစ်ခွက်ထဲနဲ့ ထမင်းမြိန်စေတဲ့ ဟင်းလေးဖြစ်မှာပါနော် …

မိသားစု Online Cooking Foodstuff မှဖော်ပြပေးခြင်းဖြစ်ပါသည်။

မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော် 😍 👇

https://www.facebook.com/groups/564061641101848/permalink/564061664435179 
See Less

ဗိုက်ဆာနေတဲ့အချိန်မှာ ပုဇွန်ခြောက်များများနဲ့ကြော်ထားတဲ့ မျှစ်ချဉ်ပေါင်ကြော်လေးကို ထမင်းပူပူလေးနဲ့များ စားလိုက်ရရင်ဖြင့်  (Zawgyi) ...


ဗိုက်ဆာနေတဲ့အချိန်မှာ ပုဇွန်ခြောက်များများနဲ့ကြော်ထားတဲ့ မျှစ်ချဉ်ပေါင်ကြော်လေးကို ထမင်းပူပူလေးနဲ့များ စားလိုက်ရရင်ဖြင့် 🤤🤤🤤

(Zawgyi)
'' မျှစ်ချဉ်ပေါင်ကြော် ''

မျှစ်ကို နာရီဝက်ခန့်ပြုတ်ထားပါ။ ပြုတ်ထားတာရရင် မျှစ်ကိုဆယ်ပီး ဓါးဖြင့်လှီး ( သို့ ) ခက်ရင်းဖြင့် ခြစ်ထားပါ။ ကြက်သွန်နီ ပုဇွန်ခြောက် ငရုတ်ခြောက်အနီတောင့် ထောင်းထားပါ။ ပြီးရင် ဆီသပ်ပါ။ ကြက်သွန်အနံ့မွှေးလာပြီဆိုမှ ချွေထားသော ချဉ်ပေါင်ရွက် ထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ချဉ်ပေါင် အရွက်များ အိလာပြီဆို ကျေအောင် ဟင်းမွှေဇွန်းကြီးဖြင့် ချေပေးပါ။ ငရုတ်သီးစိမ်းထည့်ပါ။ ဆား အရသာမှုန့် မျှစ် ထည့်ပါ။ မကြာခဏမွှေပေးဖို့တော့ လိုပါတယ်။ ချိုရဲရဲအရသာလေးစားချင်ရင် သကြားထည့်ပေးပါ။ ပုဇွန် ဝက်ဆီဖတ်တို့ဖြင့်လည်းရောကြော်လို့ရပါတယ်။

#မိသားစု Online Cooking Foodstuff မှ ဖော်ပြပေးပါသည်။

မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော် 😍 👇

https://www.facebook.com/groups/564061641101848/permalink/564061664435179

(Unicode)
'' မြှဈခဉျြပေါငျကွျော ''

ျမှဈကို နာရီဝက်ခန့်ပြုတ်ထားပါ။ ပြုတ်ထားတာရရင်ျမှဈကိုဆယ်ပီး ဓါးဖြင့်လွီး ( သို့ ) ခက်ရင်းဖြင့် ခြဈထားပါ။ ကြက်သွန်နီ ပုဇွန်ခြောက် ငရုတ်ခြောက်အနီတောင့် ထောင်းထားပါ။ ပြီးရင် ဆီသပ်ပါ။ ကြက်သွန်အနံ့မွေးလာပြီဆိုမွျေခွထားသော ချဉ်ပေါင်ရွက် ထည့်ပါ။ ငပိစိမ်းစား အနည်းငယ်ထည့်ပါ။ ချဉ်ပေါင် အရွက်ျမား အိလာပြီဆို ကြေအောင် ဟင်းမွေဇွန်းကြီးဖြင့်ျခေပေးပါ။ ငရုတ်သီးစိမ်းထည့်ပါ။ ဆား အရသာမွုန့်ျမှဈ ထည့်ပါ။ မကြာခဏမွေပေးဖို့တော့ လိုပါတယ်။ ခြိုရဲရဲအရသာလေးစားချင်ရင် သကြားထည့်ပေးပါ။ ပုဇွန် ဝက်ဆီဖတ်တို့ဖြင့်လည်းရောကြော်လို့ရပါတယ်။

#မိသားစု Online Cooking Foodstuff မွ ေဖာ်ပြေပးပါသည်။

မင်မင်တို့ GROUP လေးပါ ဝါသနာရှင်များ နဲ့ ပညာရှင်များ မည်သူမဆို Join လို့ရပါတယ်နော် 😍 👇

https://www.facebook.com/groups/564061641101848/permalink/564061664435179 
See Less

ငါးနီတူမရမ်းသီးချက် မရမ်းသီးကို အလယ်ကခရမ်းရောင်အစေ့တွေထုပ်ပြီး ပါးပါးလှီး ကြက်သွန်ဖြူနီလှီးထားပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့်အန...


ငါးနီတူမရမ်းသီးချက်

မရမ်းသီးကို အလယ်ကခရမ်းရောင်အစေ့တွေထုပ်ပြီး ပါးပါးလှီး ကြက်သွန်ဖြူနီလှီးထားပြီးဆီသပ် အရောင်ရဲလာရင် ငရုတ်စိမ်းမှုန့်အနည်းငယ်ထည့်ပြီးမွှေပေး ပြီးမှ မရမ်းသီး နဲ့ ရေအနည်းငယ်ထည့်ပြီးတည်ထားပါ မရမ်းသီးပျော့ပြီဆိုမှ ငါးနီတူခြောက်ထည့် ကြက်သားမှုန့်ထည့် ရေခမ်းဆီပြန်ရင်ရပါပြီ

Credit Htun Thiri

မူရင်း
https://m.facebook.com/story.php?story_fbid=104620051158509&id=100048315427183

https://m.facebook.com/story.php?story_fbid=105144904439357&id=100048315427183 

မရမ်းသီးသုပ်။ ပါဝင်ပစ္စည်း မနုလွန်းး မရင့်လွန်းတဲ့ မရမ်းသီး တဆယ်သား အညှောင့်ဖယ် အစေ့ထုတ် ပါးပါးလှီး ဆေးပြီးရေစစ် ထားပါ။ ကြက်သွန်နီတဆ...


မရမ်းသီးသုပ်။

ပါဝင်ပစ္စည်း

မနုလွန်းး မရင့်လွန်းတဲ့ မရမ်းသီး တဆယ်သား
အညှောင့်ဖယ် အစေ့ထုတ် ပါးပါးလှီး ဆေးပြီးရေစစ် ထားပါ။
ကြက်သွန်နီတဆယ်သား လှီး ဆေးပြီးရေစစ်ထား ။
ပုဇွန်ခြောက်မှုန့် စတီးဇွန်းတဇွန်။
း မြေပဲမှုန့် တဇွန်း။
 ပဲမှုန့်ဇွန်းဝက်။
 ငြုတ်သီးစိမ်း ဆယ်တောင့်လောက်ပါးပါးလှီးပြီး။
ထည့်ဖုတ်ပြီးသား ငပိ ဇွန်းသေးတဇွန်းစာမရှိတရှိ။
 ငြုတ်သီးမှုန့်စားနိုင်သလောက်။
ငံပြာရည် စတီးဇွန်းတဇွန်း။
 ကြက်သွန်ဖြူဆီချက် စတီးဇွန်း ၃ ဇွန်း လောက်ထည့်ပြီးသမ အောင်ခပ်ဖွဖွ နယ် ပြီးရင် စားနိုင်ပါပြီ။

မနှစ်က post မို့ ပြော ရင်းသရေ ကျ ။

Credit Thi Thi Oo

ဒါကတော့ငါးကွန်းရှပ်ခြောက်အစပ်ချက်ပါ ငါးကွန်းရှပ်ကိုအနေတော်တုံးထားပါကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားပါငရုတ်သီးစိမ်းမညက်တညက်ကြိတ်ထားပါဆီအိုးပူ...


ဒါကတော့ငါးကွန်းရှပ်ခြောက်အစပ်ချက်ပါ
ငါးကွန်းရှပ်ကိုအနေတော်တုံးထားပါကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားပါငရုတ်သီးစိမ်းမညက်တညက်ကြိတ်ထားပါဆီအိုးပူလာရင်ငါးခြောက်များထည့်မွှေပါအနံ့မွှေးလာရင်ဆယ်ထားပါပြီးရင်ခုနကဆီထဲကိုကြက်သွန်ဖြူနီငရုတ်ပုကြိတ်ထားတာကိုဆီသပ်ပါငါးခြောက်ကြော်လေးတွေထည့်ပါငါးပိရည်ကြိုထားတာစစ်ထည့်ပါအပေါ့အငန်စိတ်ကြိုက်ထည့်ပါပြီးမှငရုတ်သီးစိမ်းထည့်မွှေပေးပါအဖုံးခနအုပ်ပေးထားပြီးဆူလာရင်တော့ငါးခြောက်ဟင်းစပ်စပ်လေးရပါပြီရှင်🌶🌶🌶