Cook tutor
Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.
Unicode ပုစွန်ငရုတ်သီးရခိုင်ချက်နည်း ဒီပုံတွေထဲပုစွန်အကောင် အကြီးအသေးအရွယ်မတူပေမဲ့ ချက်နည်းကတော့ တူတူပါပဲနော်။ ချက်ရတာ ရိုး...
ပုဇွန်ငရုတ်သီးရခိုင်ချက် (ပုဇြန္ငရုတ္သီးရခိုင္ခ်က္)
Unicode
ပုစွန်ငရုတ်သီးရခိုင်ချက်နည်း
ဒီပုံတွေထဲပုစွန်အကောင် အကြီးအသေးအရွယ်မတူပေမဲ့ ချက်နည်းကတော့ တူတူပါပဲနော်။ ချက်ရတာ ရိုးရှင်းလွယ်ကူပြီး ချဉ်ငံစပ် ကြိုက်သူများ ထမင်းအရမ်းမြိန်စေတဲ့ ရခိုင်ဟင်းချက်နည်းပါ။
ပါဝင်ပစ္စည်းများ။
၁။ ပုစွန် ၃၀ ကျပ်သား
၂။ ငရုတ်သီးစိမ်း ၁၅ တောင့်
၃။ ငပိ လက်မခေါင်းခန့် တခဲ
၄။ ဆား၊ အချိုမှုန့်၊ဆနွင်းမှုန့်
၅။မန်ကျည်းမှည့်ရေ (အစိမ်းဆိုရင်ပိုကောင်းပါတယ်)
၆။ အာပူရွက် ၁၀ ရွက်ခန့်
၇။ ဂျင်း လက်တဆစ်
၈။ နံနံပင် ပင် (အပင်သေး)
ချက်ပြုတ်နည်းအဆင့်ဆင့်။
၁။ ငရုတ်သီးများကို အညှာချွေပြီး မနူးတနူးပြုတ်ပါ။
၂။ ပြုတ်ပြီးသောငရုတ်သီးများကို ငရုတ်ဆုံထဲထည့်ထောင်းပါ။
၃။ ချက်မည့်အိုးထဲသို့ ရေအနေတော်ထည့်၍ ထောင်းထားသော ငရုတ်သီးများ၊ ဆား၊ ဆနွင်း၊ အချိုမှုန့်၊ ငပိ ဂျင်း၊ ထည့်၍ ငပိ ရည်ကျက်အောင်ချက်ပါ။
၄။ ငရုတ်သီးနံ့များ မွှေးကြူလာလျှင်၊ ကိုင်ထားသော ဆားဆနွင်းနယ်ပီးသား ပုစွန်များကို ထည့်ပါ။
၅။ မန်ကျည်းမှည့်ရေဖျော်ထည့်ပါ။ အာပူရွက်များကို ရေစိမ်ထားပါ။
၆။ အိုးချခါနီးလျှင် ရေစိမ်ထားသော အာပူရွက်များကို ရေညှစ်ပြီး နံနံပင်လေးအုပ်လိုက်ပါ။
Zawgyi
ပုဇွန်ငရုတ်သီးရခိုင်ချက်နည်း
ပါဝင်ပစ္စည်းများ။
၁။ ပုစွန်     ၃၀ ကျပ်သား
၆။ အာပူရွက် ၁၀ ရွက်ခန့်
၇။ ဂျင်း လက်တဆစ်
၈။ နံနံပင် ၅ ပင် (အပင်သေး)
English
Shrimp Chili Rakhine Recipe In these pictures, the shrimp are different in size, but the recipe is the same. This is a simple Rakhine dish that is very easy to cook and very spicy for those who like sour sauce.
Ingredients
1. Shrimp 30 kyats
2. 15 pods of green chillies
3. An inch or so of thumb
4. Salt Sweets, turmeric powder
5. Mankyi ripe water (green is better)
6. About 10 apricot leaves
7. A handful of gin
8. 5 cilantro trees (small plants)
Recipes step by step.
1. Peel a squash, grate it and squeeze the juice.
2. Add the cooked peppers to the peppercorns.
3. Put puffed peppers in water in a saucepan. Salt Spice powder, sweet powder, Ngapi / Ginger Add and cook until smooth.
4. When the aroma of chilli comes up, Add the salted prawns that you are holding.
5. Add Mankyi ripe water. Soak the apricots in water.
6. When the pot is about to set, squeeze the soaked apricots and cover with coriander leaves.
0 comments: