Cook tutor
Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.
ငါးကလေး အိုးကပ် .. (ချဉ် ငံ စပ် ) ... ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဆနွင်းမှုန့် အပြင်ကို စပါးလင်အနုနည်းနည်းကို ပါးပါးလှီးပြီး (ဆီပ...
ငါးကလေး အိုးကပ် .. (ချဉ် ငံ စပ် ) ...
ဂျင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ နဲ့ ဆနွင်းမှုန့် အပြင်ကို စပါးလင်အနုနည်းနည်းကို ပါးပါးလှီးပြီး (ဆီပါတယ်ဆိုရုံထည့်ပြီး) ဆီချက်ပေးပါ ... (ရခိုင်မှာ စပါးလင် မထည့်ပါ ... ကျွန်မ အညှီကြောက်တဲ့အတွက် ထည့်တာပါ ) ... ငရုတ်သီးစိမ်းညှပ်ထည့်လို့ ငါးကို အရည်လုံးဝ မခမ်းရင်တောင် အရည်စည်းလေးချက်လိုက်ပါ ... မကျည်းမှည့်လေး ရေဖျော်ထည့်ပါ ... အချို အငန် အရသာကတော့ မိမိကြိုက်နှစ်သက်သလောက် ထည့်လို့ရပါတယ် .... ငါးလေးအိုးကပ်လာပြီဆိုရင် ငပိလေးရေဖျော်ထည့်ပါ ... နံနံပင်အုပ်ပြီး ခဏအဖုံးဖုံးထားပါ ... အရည်လေးခမ်းပြီး ခြောက်ခြောက်လေးဖြစ်လာရင် စားဖို့ အဆင်သင့်ဖြစ်ပါပြီ .... အဖုံးဖွင့်လိုက်တာနဲ့ ညှီနံ့လုံးဝမထွက်ဘဲ အသားနူးနေတဲ့ ချဉ် ငံ စပ် ငါးကလေး အိုးကပ်ကို ရမှာပါ ...
မှတ်ချက် - ငါးအသားကို ဒီအတိုင်းချက်စားတဲ့ အရသာနဲ့ နူးညံ့မှုမျိုးကို ကြော်ပြီးပြန်ချက်ထားတဲ့ ငါးမှာ မရနိုင်ပါဘူး ...
ဘယ်လောက်ပဲ ငါးညှီနံ့ကို ကြောက်တဲ့သူဖြစ်ဖြစ် နည်းစနစ်မှန်မှန် စိတ်ရှည်ရှည် ချက်ရင် ဟင်းကောင်းလေး စားရမှာပါ ... အချိန်လည်း မကြာတဲ့အတွက် လုပ်စားကြည့်စေချင်ပါတယ် ... ကျန်းမာရေးအတွက်လည်း အရမ်းကောင်းပါတယ် ..... ဒီမှာ ငါးသေးလေးဝယ်ရခက်လို့ အကောင်နည်းနည်းကြီးတာကို ချက်ထားလိုက်ပါတယ် ..... အရိုးပါဝါးစားနိုင်တဲ့ ငါးကလေးတွေဆို ပိုအဆင်ပြေပါတယ် .........
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ... လယ်ဟင်းးးးးးးးးးးးး ... ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတ...
ခရမ်းသီး + ပဲပြားသီး + ငနီတူ ဟင်းလှော် (ငပိခခြူ အိုးကပ်ချေ) ...
လယ်ဟင်းးးးးးးးးးးးး ...
ကျွန်မ မြောက်ဦးနယ်က ရွာတစ်ရွာကို ရောက်ဖူးပါတယ် ... အဲရွာရောက်မှ ယာခင်းပြင် အကျယ်ကြီး လယ်ကွက်တွေမြင်ဖူးတာပါ ... ရောက်ရောက်ချင်းနေ့မှာပဲ ကိုယ့်အရှေ့တင် သွားခူးတဲ့ ဖရဲသီးနဲ့ ချိုးလာတဲ့ ကြံပင်တွေ နဲ့ အရင်ဆုံး ဧည့်ခံပါတယ် ... ကိုယ်တွေမြို့မှာ ဝယ်စားတဲ့ အရသာနဲ့ ဘာမှ မဆိုင် ... ဟင်းချက်ဖို့ အသီးအရွက်တွေဆိုလည်း ယာခင်းထဲက ခူးရုံပဲ ... ကိုယ့်ခင်းမှာ မရှိတဲ့ဟာဆို သူများခင်းသွားပြီး " အရီး ဟင်းတစ်နပ်စာယူသွားမယ်နော်" ဆိုပြီး ခူးရုံပါပဲ ... အဲသလို ယာခင်းထဲက ခူးလာတဲ့ ခရမ်းသီး ၊ ပဲစင်ပေါ်က ခူးထားတဲ့ ပဲပြားသီး နဲ့ ရခိုင်ဒေသထွက် ငနီတူခြောက်လေးကို ကြာတွေပွင့်နေတဲ့ ရွာဦးကန်ကရေလေးနဲ့ သေချာရေဆေးပြီး မြေအိုးကင်းလေးထဲထည့် ... ရခိုင်ဒေသထွက် ငပိလေးအနည်းငယ်ထည့် ... ယာခင်းကထွက်တဲ့ အစပ်မများတဲ့ ငရုတ်သီးပွပွလေးတွေကို ဓါးလေးနဲ့ နှစ်ခြမ်းခြမ်းထည့်ပြီး မျှင်ပုစွန်လေးနည်းနည်းနဲ့ ဆားနည်းနည်းထည့်ပြီး အိုးဖုံးလေးဖုံးထားပြီး ထင်းချောင်းတွေ မီးမွှေးထားတဲ့ ဖိုခလောက်သုံးခုနဲ့ မီးဖိုပေါ်တင်ပြီး ဟင်းအိုးဆူလာ ၊ ဟင်းနံ့လေးမွှေးပြီး ထွက်လာတဲ့အထိထားထားပြီးရင်တော့ ရခိုင်ယာခင်းထမင်းဝိုင်းလေးအတွက် အနံ့အရသာပြည့်စုံရုံမက ကျန်းမာရေးနဲ့ ညီညွတ်တဲ့အပြင် ခုခူး ခုချက်ထားတဲ့ လတ်ဆတ်တဲ့ အသီးအရွက်ရဲ့ အချိုအရသာပါ ထပ်လောင်းထားတဲ့ ယာခင်းဟင်းတစ်မယ် ရပါပြီ .... ချဉ်ပေါင်ရွက်ရည်ကြဲလေးတစ်ခွက် နဲ့ မြင်းခွါရွက် သေးသေးလေး ၊ မုန်လာပင်ပေါက် သေးသေးလေးကို ရေနွေးဖျောပြီး သိပ်မစပ်တဲ့ ငရုပ်ပွကိုမီးဖုတ်ပြီး ငပိထောင်းလေးပါလိုက်မယ်ဆို တော်တော်ကို အရသာရှိတဲ့ ထမင်းဝိုင်းလေး တစ်ဝိုင်းဖြစ်ပါပြီ 
ရေကြက်သုတ် (ကင်းမွန်သုတ်)   ရေကြက်သုတ် (ကင်းမွန်သုတ်) သုပ်နည်း -   ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည်လွှာ၊ ခေါင်းပေါ်က လက...
သုပ်နည်း -
 ကင်းမွန်ကို အထဲက အနှစ်တွေထုတ်၊ ကျောမှာပါတဲ့ အကြည်လွှာ၊ ခေါင်းပေါ်က လက်ချောင်းတွေရဲ့ အလယ်က အလုံးလေး နဲ့ မျက်လုံးတွေ ထုတ်လိုက်ပါ ... အရေခွံ ခွါလိုက်ပါ ... ပြီးရင် သေချာဆေးပြီး ပွတ်ပွတ်ဆူနေတဲ့ ရေနွေးအိုးထဲထဲ့ပြီး ၅မိနစ် ကျက်အောင် ပြုတ်ပေးပါ ... ငရုတ်သီးစိမ်းနဲ့ ငပိစိမ်းစားအနည်းငယ်ကို မီးကင်ပေးပါ ... ပြီးရင် မီးကင်ထားတဲ့ ငရုတ်သီးနဲ့ ငပိစိမ်းစားကို ကြက်သွန်ဖြူလေး ထည့်ထောင်းပေးပါ ... ပြုတ်ထားတဲ့ ကင်းမွန်ကို ကပ်ကျေးလေးနဲ့ အတုံးလေးတွေ ညှပ်လိုက်ပါ ... ပြီးရင် အဆင်သင့်ထောင်းထားပြီးတဲ့ ငရုပ်သီး ငပိထောင်းနဲ့ ကြက်သွန်နီပါးပါးလှီးထားတာကို ထည့်ပြီး ရောနယ်လိုက်ပါ ... သံပုရာသီးညှစ်ထည့်ပြီး ... အချို အငန် မြည်းပါ ... နံနံပင်ဖြူးလိုက်တယ် ဆိုရင်ပဲ ငပိမီးကင်နံ့လေး ၊ ကြက်သွန်ဖြူနံ့ ၊ သံပုရာသီး နဲ့ နံနံပင်နံ့လေး ရောသမမွှေပြီး ထွက်လာတဲ့ မွေးရနံ့က ခံတွင်းပျက်နေသူကိုတောင် စားကောင်းအောင် ဆွဲဆောင်သွားပါလိမ့်မယ် ...... တချို့က ငရုတ်ကောင်းလေးပါ ထည့်စားတတ်ပါတယ် .....
ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ် ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန်အခြောက် မီးဖုတ်သုပ်) ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ...
ခရမ်းသီး ငသရွဲခြောက်မီးဖုတ်သုပ် ( မြန်မာ အခေါ် - ခရမ်းသီး ငါးတံခွန်အခြောက် မီးဖုတ်သုပ်)
ရခိုင်လို အင်ဗာရီ လို့ခေါ်တဲ့ ခရမ်းသီး အကြီးကြီး ကို စို့လေးနဲ့ တစ်လုံးလုံး နေရာအနှံ့ထိုးပေးပါ ..... ပြီးရင်တော့ မီးသွေးမီးဖိုထဲ ထည့်ပြီး ဟိုဘက် ဒီဘက် ပြန်လှန် ဖုတ်လိုက်ပါ .... ငါးတံခွန် အကောင်သေးကို သေချာ ပွတ်တိုက်ပေးပြီး ကြွပ်လာအောင်ထိ မီးဖုတ် / ကင်ပေးပါ ..... ပြီးရင် မိမိနှစ်သက်သလောက် ငရုတ်သီးစိမ်း နဲ့ ငပိစိမ်းစားလေး နည်းနည်း မီးကင်ပေးထားပါ ..... ခရမ်းသီး မွှေးပြီး အိလာပြီဆိုရင် ထုတ်ပြီး ရေနဲ့ ပွတ်ဆေးပေးလိုက်ပါ .... အပေါ်အရေခွံခွါပေးပါ .... ပြီးရင် ဇလုံတစ်ခုထဲထည့်ပြီး ခြေပေးပါ .... ငါးတံခွန် ကြွပ်လာပြီဆိုရင် ရေနဲ့ ပွတ်ဆေးပေးပြီး (ရေသွန်ပြီး မဆေးပါနဲ့၊ အီသွားမှာ စိုးလို့ပါ) သေးသေးလေးတွေ ပိုင်း ၊ ခရမ်းသီး ဇလုံထဲ ထည့်ပေးပါ ....
မီးကင်ထားတဲ့ ငရုတ်သီး နဲ့ ငပိကို ဂျင်းအနည်းငယ် ထည့်ထောင်းပေးပါ (ဂျင်းမထည့်ဘဲလည်း စားကြပါတယ်) .... ကြိုက်တတ်ရင် ကြက်သွန်ဖြူထည့်ထောင်းပေးပါ ..... (ထည့်လေ့ထည့်ထတော့ မရှိသလောက်ပါပဲ) .... ကြက်သွန်နီ ပါးပါးလှီးထားပေးပါ ..... ပြီးရင်တော့ ခရမ်းသီးနဲ့ ငါးခြောက်ထည့်ထားတဲ့ ဇလုံထဲကို ငရုတ်သီးထောင်း ၊ ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပေးပြီး အချို အငန် မိမိသဘောကျထည့် ရောနယ်ပေးပါ .... မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ .... နောက်ဆုံး နံနံပင်အုပ်ပေးလိုက်ရင် မီးဖုတ်နံ့ သင်းသင်းလေးနဲ့ မွှေးအိနေတဲ့ ခရမ်းသီး ငါးတံခွန်သုပ်ကို ရပါပြီတဲ့ရှင် .......
ငါးကလေး ချဉ် ငံ စပ် ရခိုင်ဟင်း (ငလုံးချေ ငရုတ်ချက်) ဒီနည်းက ရိုးပါတယ် .... ဒါပေမယ့် ဆီသိပ်မပါဘဲ ချဉ် ငံ စပ်လေးက ကျန်းမာရေးအတွက်ပါ အထောက...
ငါးကလေး ချဉ် ငံ စပ် ရခိုင်ဟင်း (ငလုံးချေ ငရုတ်ချက်)
ဒီနည်းက ရိုးပါတယ် .... ဒါပေမယ့် ဆီသိပ်မပါဘဲ ချဉ် ငံ စပ်လေးက ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေပါတယ် ..........
အရိုးပါစားနိုင်တဲ့ ငါးကလေး (ဆူးသိပ်မပါတဲ့)ကို သေချာဆေးပေးပါ ...... ကြက်သွန်နီ/ဖြူကို ဆနွင်းမှုန့်လေးထည့်ပြီး ထောင်းပေးပါ ..... ငရုတ်သီးလေးကို မိမိနှစ်သက်သလောက် အခြမ်းလေးတွေ စိတ်ပေးထားပါ ...... ချက်မယ့်အိုးထဲကို ငါးကလေး ၊ ထောင်းထားတဲ့ ကြက်သွန်နှစ် ၊ ငရုတ်သီးခြမ်းလေးတွေ နဲ့ ဆီပါတယ်ဆိုရုံလောက်ထည့်ပေး ရေလိုသလောက်လေးထည့် အဖုံးလေးဖုံးပြီး ချက်ပေးပါ ..... အရသာမှုန့် နဲ့ ဆားကို မိမိကြိုက်သလောက်ထည့်ပေးပါ ...... ရေဆူလာပြီး ငါးလေးပါကျက်ပြီဆိုရင်တော့ မကျည်းနှစ်လေး ရေဖျော်ထည့်ပေးပါ ....... အရသာ ချဉ် ငံ စပ် မိမိအကြိုက်ဖြစ်ပြီဆိုရင် နံနံပင်လေး အုပ်ပေးပါ ........
အနံ့ အရသာနဲ့ ပြည့်စုံပြီး ဆီသိပ်မပါတဲ့တာကြောင့် ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အရိုးပါစားနိုင်တဲ့ ငါးကလေး ချဉ် ငံ စပ် ဟင်းကို ရပါပြီ
ဝချိုင့်သီးထောင်း (ဂွေးသီးထောင်း) ဝချိုင့်သီးကို အခွံခွါ သေချာဆေးပေးပါ ..... ပြီးရင်တော့ အတုံးသေးလေးတွေ တုံးပြီး ရေစိမ်ထားပါ ...... ငရု...
ဝချိုင့်သီးထောင်း (ဂွေးသီးထောင်း)
ဝချိုင့်သီးကို အခွံခွါ သေချာဆေးပေးပါ ..... ပြီးရင်တော့ အတုံးသေးလေးတွေ တုံးပြီး ရေစိမ်ထားပါ ...... ငရုတ်သီးစိမ်း မီးကင် ပြီး ငပိလေးနဲ့ ထောင်းပေးပါ ...... အဆင်သင့်အတုံးလေးတွေတုံးထားတဲ့ ဝချိုင့်သီးကို ထည့်ထောင်းပေးပါ ...... ကြိုက်တတ်ရင် ငရုတ်ကောင်းထည့်ပေးပါ ...... အနံ့လေး မွှေးပါတယ် ....... အချို အငန် မိမိကြိုက်သလိုထည့်ပါ ...... ပြီးပြီဆိုရင်တော့ ခွက်လေးမှာထည့် ထမင်းပူပူလေးနဲ့ ရေနွေးကြမ်းလေးနဲ့ ဆို အရမ်းစားကောင်းပါတယ် ......
ငမန်းခြောက် သုပ် ......... ပြုလုပ်ပုံ ငမန်းခြောက်ကို သေချာ ရေဆေးပြီး အချိန်တော်တော်ကြာအောင်ပြုတ်ပေးပါ .... အသားလေးတွေ ပျော့သွားပြီ ဆိ...
ငမန်းခြောက် သုပ် .........
ပြုလုပ်ပုံ
ငမန်းခြောက်ကို သေချာ ရေဆေးပြီး အချိန်တော်တော်ကြာအောင်ပြုတ်ပေးပါ .... အသားလေးတွေ ပျော့သွားပြီ ဆိုရင် အရေခွံမှာပါတဲ့ သဲလိုအရာလေးတွေ သေချာ ပွတ်ပြီး ဆေးပေးပါ ... ပြီးရင် အသားလေးတွေ ခြွေထားပါ ... ငရုတ်သီးစိမ်း ၊ စိမ်းစားငပိ မီးကင် ပြီး ထောင်းပါ ... ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းပါ ထည့်ပေးရမှာ ဖြစ်ပါတယ် ... ကြက်သွန်နီ ပါးပါးလှီးပြီး ခြွေထားတဲ့ငါးခြောက်ပြုတ်အသားလေးတွေ ငရုတ်သီး ငပိထောင်းရယ် သံပုရာသီးရယ်ထည့်ပြီး ရောနယ်ရမှာ ဖြစ်ပါတယ် ... ချဉ် ငံ မြည်းပြီး အရသာအကြိုက်တွေ့သွားပြီ ဆိုရင် နံနံပင်လေး အုပ်ပေးလိုက်ပါ .................................
ငနီတူလှော် ရခိုင်သုပ် ... ချက်နည်း .... ငနီတူ အကောင်သေးလေးကို သေချာကြွပ်နေအောင်လှော်ထားပါ ... ငရုပ်သီးစိမ်း နဲ့ ရခိုင် စိမ်းစားငပိကို...
ငနီတူလှော် ရခိုင်သုပ် ...
ချက်နည်း ....
ငနီတူ အကောင်သေးလေးကို သေချာကြွပ်နေအောင်လှော်ထားပါ ... ငရုပ်သီးစိမ်း နဲ့ ရခိုင် စိမ်းစားငပိကို မီးကင်ပြီး ကြက်သွန်ဖြူ၊ ငရုပ်ကောင်းလေးထည့်ပြီး ထောင်းပါ ... ကြက်သွန်နီ ပါးပါးလှီးထည့်ပြီး သုပ်ပါ ... အချို အငံမြည်းပြီးရင် သံပုရာသီး ညှစ်ထည့်ပါ ... နောက်ဆုံးမှ နံနံပင်လေး အုပ်ပေးလိုက်ပါ ... ဒါဆိုရင် ချဉ်၊ ငံ၊ စပ် အရသာရှိတဲ့ ငနီတူလှော် ရခိုင်သုပ်လေး ရပါပြီ ....
ဝက်နားရွက်သုပ် ............ ဝက်နားရွက်ကို အမျိုးမျိုးသုပ်စားကြပါတယ် ....... သခွါးသီးပါးပါးလှီး ၊ ငရုတ်ဆီနဲ့စပ်ထားတဲ့အချဉ်ရည် ၊ ခရမ်းချဥ...
ဝက်နားရွက်သုပ် ............
ဝက်နားရွက်ကို အမျိုးမျိုးသုပ်စားကြပါတယ် ....... သခွါးသီးပါးပါးလှီး ၊ ငရုတ်ဆီနဲ့စပ်ထားတဲ့အချဉ်ရည် ၊ ခရမ်းချဉ်သီးနည်းနည်းထည့် ပြီး ငရုတ်သီးအကျက်မှုန့်လေးနဲ့ သံပုရာချဉ်လေးနဲ့လည်း သုပ်စားကြသလို ငရုတ်သီးစိမ်း၊ ငပိမီးကင်ပြီးလည်း အရင်တစ်ခါပေးခဲ့တဲ့ ဝက်အူမကြီးသုပ်နည်းလိုမျိုးလည်း သုပ်စားကြပါတယ် ....... ဒီတစ်ခေါက်တော့ ဝက်အူမကြီးသုပ်နည်းလို သုပ်ထားတာကို အရင်ပေးပါ့မယ် ...... နောက်တစ်ခါကျမှ သခွါးသီး ၊ ငရုတ်သီးအကျက်မှုန့်လေးနဲ့ သုပ်တဲ့နည်းကို ပေးပါမယ် ............. ဝက်နားရွက်ဟာ အဆီအသား သိပ်မပါဘဲ အကြောနုလေးတွေသာဖြစ်တဲ့အတွက် စားရတာ အီမသွားဘဲ အရသာရှိပါတယ် ........
ဝက်နားရွက်ကို မသုပ်ခင်မှာ သေချာ အထပ်ထပ်ဆေးပေးဖို့လိုပါတယ် ..... အမွှေးလေးတွေပါလာရင် သေချာနှုတ်ပေးရမှာပါ ...... သန့်စင်ပြီးသား ဝက်နားရွက်လေးကို ဝယ်တာက ပိုအဆင်ပြေပါတယ် ..... ဆားတွေ ၊ ဆနွင်းမှုန့်တွေနဲ့ ဆေးတဲ့အပြင်ကို ရေနွေးနဲ့ပါ သေချာအထပ်ထပ် ဆေးပေးရမှာပါ .......
ဆေးပြီးသား ဝက်နားရွက်ကို ဂျင်း၊ ငါးငံပြာရည်အကြည်နဲ့ နယ်ပြီး သေချာပြုတ်ပေးပါ ....... ရေနွေးကို ဆူရုံမက မိနစ် ၄၀ လောက် ပြုတ်ပေးရမှာပါ ....... ကျက်ပြီဆိုတဲ့အခါမှ ဆယ်ပြီး သုပ်ဖို့ အတုံးသေးလေးတွေ ညှပ်ပေးပါ ....... ငရုတ်သီးစိမ်းနဲ့ မျှင်ငပိလေးကို အိုးကင်းလေးထဲထည့်ပြီး လှော်ပေးပါ ....... ပြီးရင်တော့ လှော်ထားတဲ့ ငရုတ်သီး ၊ ငပိကို ကြက်သွန်ဖြူလေးထည့်ပြီး ထောင်းပေးပါ ...... ကြက်သွန်နီ ပါးပါးလှီးထားပါ ....... နံနံပင်ပါရေဆေးပြီး လှီးထားပေးပါ .....