Cook tutor

Myanmar All Traditional food. Food Tutorial. Food cook Tutorial. Myanmar Food cook Tutorial.

ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်) ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ...... မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံက...


ငလိပ်ကျောက် မီးကင် ဒလှိမ့် (မွှေကြော်)

ငလိပ်ကျောက်ကို သေချာဆေးပြီးမီးကင်ပေးထားပါ ......
မီးကင်ပြီး ခြောက်နေတဲ့ ငလိပ်ကျောက်အပြင်အရေးခွံကို ရေနွေးလေးနဲ့ ပွတ်ဆေးပေးပါ ...... အသားနွှင်ထားပေးပါ ......

ငရုတ်သီးစိမ်း ၊ ကြက်သွန်ဖြူ /နီ ၊ ဂျင်း နဲ့ ဆနွင်းမှုန့်နည်းနည်းကို ရောထောင်းပေးပါ ...... ပြီးရင်တော့ ဆီသတ်ပါ ....... ဆီကျက်ပြီဆိုရင် ထောင်းထားတဲ့အနှစ်ကို ထည့်မွှေပေးပါ ....... ငရုတ်သီးစိမ်းအနံ့လေး ပျောက်ပြီး မွှေးလာပြီဆိုရင် ငပိနည်းနည်းထည့်မွှေပေးပါ (မကြိုက်ရင် မထည့်လို့လည်း ရပါတယ်) ..... အနံ့လေး ပိုမွှေးသွားပြီး အရသာပိုရှိသွားအောင်လို့ပါ ...... ပြီးရင်တော့ အသားနွှင်ထားတဲ့ ငလိပ်ကျောက်ကို မွှေပေးပါ ..... ရေနည်းနည်းထည့်ပေးပါ ..... အရည်လည်းခမ်းပြီဆိုရင် မကျည်းနှစ်ပျစ်ပျစ်လေး ရေဖျော်ထည့်ပေးပြီး မွှေပေးပါ .... အဖုံးလေးပြန်အုပ်ထားပြီး ဆီပြန်လာပြီ အနှစ်လေးကျလာပြီ ဆိုရင်တော့ မိမိကြိုက်နှစ်သက်တဲ့ အရသာ အချို အချဉ် အငံ မြည်းပြီး အနေတော်ဖြစ်ပြီဆိုရင်တော့ နံနံပင်လေး အုပ်ပေးပြီး အိုးဖုံးလေး ပြန်ဖုံးပေးပါ .... တအောင့်လေးထားပြီးရင်တော့ အနံ့အရသာလေးအပြည့်နဲ့ ကောင်းမွန်တဲ့ ငလိပ်ကျောက်ဒလှိမ့် (မွှေကြော်) လေး ကို ရပါပြီ

ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်) ချက်နည်း ......... ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး...


ခရမ်းသီး ငါးခြောက် ရခိုင်ချက် (လယ်ချက်)

ချက်နည်း .........

ငါးကွန်းရှပ်အခြောက်လေးကို သေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ ......

ခရမ်းသီးသေးသေးလေးကို အစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ ..... ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ ..... ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ ...... စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ ...... ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ...... ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်) ...... ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ ......

ပြီးရင်တော့ အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ ...... ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ ....... မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ ...... ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ..............


ရခိုင်ရိုးရာဟင်းတွေက ရခိုင်ဒေသထွက် ငပိတွေကို အဓိကသုံး ချက်တတ်ပါတယ် ...... ရခိုင်ဒေသဟာ ငါးပေါတဲ့အတွက် ငပိကောင်းကောင်းကို သဘာဝစစ်စစ်ရနိုင်ပါတယ် ...... ရခိုင်တွေက ဆီနဲ့ ဟင်းချိုမှုန့်ကို အသုံးနည်းပါတယ် ....... ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားကြတဲ့ လူတွေပီပီ အရင်တုန်းက ဟင်းချိုမှုန့် နေရာမှာ ပုစွန်နဲ့ ငါးအနှစ်တွေကို အဓိက သုံးတတ်တဲ့ လူမျိုးပါ ...... အခုနောက်ပိုင်းမှ ပုစွန်တွေ နိုင်ငံခြားရောက်ရောက်သွားလို့ ဟင်းခတ်အနေနဲ့ မသုံးနိုင်ကြတော့တာပါ ......

သခွါးသီး ရခိုင်သုပ် ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ ............. ချက်နည်း ............. သခွ...


သခွါးသီး ရခိုင်သုပ်

ရခိုင်တွေရဲ့ ပင်တိုင်နည်းအတိုင်း ငရုတ်သီးနဲ့ ငပိကို သုံးပြီး သုပ်မှာပါ .............

ချက်နည်း .............

သခွါးသီးကို ရေဆေးပြီး နှစ်ခြမ်းခြမ်းပေးပါ ....... 
အစေ့နဲ့ အူတွေကို ဖယ်ပေးပါ ......
. ပြီးရင်တော့ သခွါးသီးအသားကို အမျှင်သိပ်မထူစေဘဲ သေချာခြစ်ပေးပါ .......
 ကြက်သွန်နီ ပါးပါးလှီးပေးထားပါ ......

ငရုတ်သီး ၊ ငပိ မီးကင်ပြီး ထောင်းပေးပါ ......
. ပြီးရင်တော့ ခြစ်ထားတဲ့ သခွါးသီး ၊ လှီးထားတဲ့ ကြက်သွန်နီနဲ့ ထောင်းထားတဲ့ ငရုတ်သီးငပိထောင်းကို ရောနယ်ပေးပါ ....... အပေါ့ အငံ မိမိကြိုက်သလိုထည့်ပေးပါ .......
 သံပုရာသီး ညှစ်ပေးပါ ..........
နောက်ဆုံးမှာ အဖြူရောင် နံနံပင် ပင်ပေါက်လေးကို ထည့်လေ့ ရှိပါတယ် .....
 ချဉ် ငံ စပ် အရသာနဲ့ သခွါးသီးရခိုင်သုပ်လေးကို ရပါပြီရှင် .........

ဒီမှာ နံနံပင်ပေါက် ရှာမရလို့ နံနံပင်အကြီးကို သုံးလိုက်ရပါတယ် ............

ငါးသရွဲခြောက် မီးဖုတ်သုပ် .............. ပြုလုပ်ပုံ ငါးသရွဲခြောက်လေးတွေကို မီးဖုတ် (သို့) လှော်ပေးပါ ......  အရောင်လေး ရဲရဲလေးဖြစ်ပြ...


ငါးသရွဲခြောက် မီးဖုတ်သုပ် ..............

ပြုလုပ်ပုံ

ငါးသရွဲခြောက်လေးတွေကို မီးဖုတ် (သို့) လှော်ပေးပါ ...... 
အရောင်လေး ရဲရဲလေးဖြစ်ပြီး မာတောင့်တောင့်လေးနဲ့ ကြွပ်လာပြီဆိုရင်တော့ ထုတ်ပေးလို့ရပါပြီ ...... 
မီးဖုတ်ထားတယ်ဆိုရင်တော့ ပြာလေးတွေစင်ရုံ ရေနဲ့ ပွတ်ပေးပါ .....
 ပြီးရင် အနေတော်လေးတွေ ဖြတ်ထားပေးပါ ...... 
ငရုတ်သီး ငပိနည်းနည်းလေး (တကယ့်နည်းနည်းလေး) ကို မီးကင်ပေးပါ .....
 ကြက်သွန်နီ ပါးပါးလှီးထားပါ .....
 ငရုတ်သီးနဲ့ ငပိမီးကင်ကို ကြက်သွန်ဖြူ တစ်မွှာလောက်ထည့်ပြီး ထောင်းပေးပါ ..... 
ငရုတ်ကောင်းနဲ့ ကြိုက်ရင် ထည့်ထောင်းပေးပါ .....
 ပြီးရင် သုပ်မယ့်ခွက် ၊ ပန်းကန်ထဲကိုထည့်ပြီး ငရုတ်သီးငပိထောင်းရယ် ငါးသရွဲခြောက်ရယ် ကြက်သွန်နီရယ်ကို ရောနယ်သုပ်ပေးရုံပါပဲ ......
 ဆား ၊ အရသာမှုန့် ကြိုက်နှစ်သက်သလို ချိန်ဆထည့်ပါ ..... 
သံပုရာရည်ညှစ်ပေးပါ ....... 
နံနံပင်ပါးပါးလှီးပြီး ထည့်ပေးပါ ..........

ဟုတ်ကဲ့ ဆီလုံးဝမပါတဲ့ ချဉ် ငံ စပ် အရသာလေးနဲ့ ငါးလှော်နံ့မွှေးမွှေးလေး ကြက်သွန်ဖြူ သံပုရာရနံ့လေးတွေနဲ့ သဘာဝစစ်စစ် ငါးသရွဲခြောက်သုပ်ကို ရပါပြီ။

ခရမ်းချဉ်သီး ငါးခေါင်းဟင်း ..... ငါးကြင်းလို ခေါင်းမျိုးပါ .... ဒီဘက်က ချက်နည်းလိုမျိုးကို မြန်မာဆန်ဆန်ပြန်ချက်ထားပါတယ် ..... သူတို့က အ...


ခရမ်းချဉ်သီး ငါးခေါင်းဟင်း .....

ငါးကြင်းလို ခေါင်းမျိုးပါ .... ဒီဘက်က ချက်နည်းလိုမျိုးကို မြန်မာဆန်ဆန်ပြန်ချက်ထားပါတယ် ..... သူတို့က အုန်းနို့နည်းနည်း ထည့်ချက်တတ်ပေမယ့် ကျွန်မက အုန်းနို့ကို ထည့်မချက်ထားပါဘူး ......

ငါးကို သေချာစင်အောင်ပွတ်တိုက်ဆေးပြီး ဆား ၊ ဆနွင်းမှုန့်တွေနဲ့ပါ အထပ်ထပ်ဆေးပေးထားပါ ..... ဂျင်းထောင်း ၊ ငံပြာရည်အကြည် ၊ ဆနွင်းမှုန့်အနည်းငယ်ထည့်ပြီး နယ်ပေးပါ .....

ကြက်သွန်ဖြူ/နီ ၊ ဂျင်းနဲ့ ငရုတ်နှစ်ကိုထောင်းပေးပါ .....
ခရမ်းချဉ်သီးအလုံးသေးလေးတွေကို နှစ်ခြမ်းခြမ်းထားပေးပါ ...... ငရုတ်သီးစိမ်း ၄ တောင့်လောက်ကို ညှပ်ထားပါ ...... မြေပဲဆံအနည်းငယ် ထောင်းထားပါ .....

ချက်မယ့်အိုးထဲ ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်အနှစ်ကို ဆီချက်ပေးပါ ..... မြေပဲဆံကိုထည့်မွှေပါ ..... ငရုတ်သီးစိမ်းပါထည့်ပေးပါ ..... ပြီးမှ ငါးခေါင်းကိုထည့်ပြီး အပေါ်က ခရမ်းချဉ်သီးအုပ်ပေးပါ ...... ရေကို ငါးခေါင်းမြှုပ်အောင်ထည့်ပြီး အိုးဖုံးလေးဖုံးပါ ..... အရည်စည်းသွားတဲ့အထိ ချက်ထားပေးပါ ..... ပြီးမှ အချို အငန် မိမိကြိုက်သလိုမြည်းပြီး ထည့်ပေးပါ ..... ခရမ်းချဉ်သီး အနှစ်လေးနဲ့မို့လို့ အချဉ်ကို လိုအပ်မှ မကျည်းနှစ်ဖျော်ပြီး ထည့်ပေးပါ ..... အရသာအနေတော်ပြီဆိုရင်တော့ နံနံပင်ကို ရေဆေးထည့်ပေးပါ ....

ဟုတ်ကဲ့ ..... ခရမ်းချဉ်သီးအနှစ်နဲ့ မြန်မာ့အရသာဆန်ဆန် ငါးခေါင်းဟင်းကို ရပါပြီ .......

အားလုံးကိုကျေးဇူးပါ ..............................

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........ 

Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်) စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............ ငါးကိ...


Fried Fish with hot and Sour Sauce. (ချဉ်စပ်ဆော့လေးနဲ့ ငါးကြော်)

စလားဗီးယားဖြစ်ဖြစ် ကက်ကတစ်ဖြစ်ဖြစ် သုံးလို့ရပါတယ် ............

ငါးကို ဆေးနေကျအတိုင်း ဆား ၊ ဆနွင်းမှုန့်တို့နဲ့ သေချာလေးဆေးပေးပါ ...........

ငါးအရွယ်အစားကိုလိုက်ပြီး တစ်ဘက်ကို နှစ်ကြောင်း သုံးကြောင်းခန့် မွှန်းပေးပါ ...... အသားထဲကို အရသာတွေ ဝင်သွားစေဖို့ဖြစ်ပါတယ် ..... ပြီးရင်တော့ ဂျင်းထောင်း ၊ ဆနွင်းအနည်းငယ် ၊ ငါးငံပြာရည်နည်းနည်းနဲ့ သေချာနယ်ပေးပါ ....... ငရုတ်ကောင်းမှုန့်အနည်းငယ်လည်း ထည့်နယ်ပေးလို့ရပါတယ် ......

နယ်ထားတဲ့ ငါးကို မီးအေးအေးနဲ့ အချိန်အတော်ကြာအောင် ကြော်ပေးပါ ...... မီးပြင်းရင် အထဲကအသားမကျက်ခင်မှာ အပြင်က တူးသွားတတ်ပါတယ် ......

ငါးကိုကြော်နေတဲ့ အချိန်မှာ အချဉ်ကို စပ်ပေးထားကြရအောင်ပါ ....... ငရုတ်သီးအစိမ်းတောင့်/ အနီတောင့် ၊ ကြက်သွန်ဖြူတို့ကို သကြားနည်းနည်းထည့်ပြီး ထောင်းပေးပါ (ဆိုင်တွေမှာတော့ သကြားမသုံးဘဲ ပြာခဲကို သုံးပါတယ်) ...... ညက်သွားပြီဆိုရင် ခွက်တစ်ခုမှာ စပါးလင်ကို ပါးပါးလှီးပြီးစိမ်ထားတဲ့ အရည်လေး နည်းနည်းထည့်ပေးပါ ...... (အနံ့အတွက်ဖြစ်ပါတယ်) ..... ငါးငံပြာရည်ကြည်နည်းနည်းထည့်ပေးပါ ....... သံပုရာရည် ညှစ်ထည့်ပေးပါ ....... နံနံပင်ပါးပါးလှီးထည့်ပြီးရင်တော့ ဆော့စ်ကို ရပါပြီ .......

ငါး အခွံနီရဲပြီး အသားလည်းကျက်ပြီဆိုရင်တော့ ပန်းကန်ပြားမှာထည့်ပြီး ဆော့စ်ကို ဆမ်းပေးလိုက်ရုံပါပဲ .........

ဟုတ်ကဲ့ အခုဆိုရင် ဆိုင်တွေမှာ ဈေးကြီးပေးဝယ်စားရတဲ့ ချဉ်ငံစပ်ဆော့စ်လေးနဲ့ ငါးကြော်ကို ရပါပြီတဲ့ရှင် ...............

အားလုံးကိုကျေးဇူးပါ ..............................

အစားအသောက်ကို ဖွယ်ဖွယ်ရာရာ စေတနာထား ချက်ပြုတ်ခြင်းဟာ အနုပညာတစ်မျိုးပါ ........

(ဒီဓါတ်ပုံကို ရိုက်တုန်းက နိုကီရာဖုန်းလေးနဲ့ ဖြစ်သလိုရိုက်လိုက်တာမို့ ဓါတ်ပုံသိပ်မကြည်ဘဲ အရောင်တွေ မညီဖြစ်နေတာ ဆောရီးပါနော် .. )

မုန့်တီ အာပူလျှာပူသုပ် (ရခိုင်သုပ်) အာပူလျှာပူအတွက် ငရုတ်ချက်ချက်နည်းကို ရခိုင်မုန့်တီချက်နည်းမှာ ရေးပေးပြီးသားပါ ...... ဒီနေရာမှာ...


မုန့်တီ အာပူလျှာပူသုပ် (ရခိုင်သုပ်)
အာပူလျှာပူအတွက် ငရုတ်ချက်ချက်နည်းကို ရခိုင်မုန့်တီချက်နည်းမှာ ရေးပေးပြီးသားပါ ...... ဒီနေရာမှာ ပြန်ပြီး အကျဉ်းချုံးရေးပေးပါမယ် ........ ရခိုင်မုန့်တီအရည်ချက်ဖို့ ငါးရွှေကိုပြုတ် ၊ အသားနွှင်ပေးပြီး အရည်အထပ်ထပ်ညှစ်ထားတဲ့ ငါးမှုန့်တွေကို ပြန်သုံးတဲ့အခါ ငရုတ်သီးအနှစ်ချက်ဖို့ နည်းနည်းချန်ထားပေးခဲ့ပါ ......... ရခိုင်သုပ် နဲ့ လျှာပူ အာပူအတွက်တော့ ငရုတ်သီးစိမ်းကို ပြုတ်ထားပေးပါ ... ပြီးရင်ထောင်းလိုက်ပါ ... ကြက်သွန်ဖြူနည်းနည်း၊ နောက်ဆုံးကျန်တဲ့ ငါးအသားဖတ်ကိုထည့်၊ ဟင်းချိုနည်းနည်းခပ်ထည့်ပြီးချက်လိုက်ပါ ....... ငရုတ်ကောင်းနည်းနည်းထည့်ပေးပါ ........

ပြုလုပ်ပုံ
မုန့်ဖတ်ကို သုပ်မယ့် ခွက်ထဲထည့်ပါ ......
ချက်ထားတဲ့ငရုတ်သီးအနှစ်ကို မိမိအစပ်ကြိုက်တဲ့အပေါ်မူတည်ပြီးထည့်ပါ .......
ရခိုင်အာပူသုပ်မှာ ဆီကျက်လုံးဝမထည့်ပါ ......
(တချို့တလေလောက်သာ ဆီကျက်ထည့်ပြီးလည်း စားကြပါတယ်) ............
မကျည်းနှစ် ရေဖျော်နည်းနည်းထည့်ပါ ......
အပေါ့အငံ မြည်းပြီး ထည့်ပေးပါ ......
ကြက်သွန်စိမ်းပါးပါးလှီးထည့်ပါ ......
ငဖယ် ၊ ဝက်ဆီဖတ် ၊ ပဲကြော် ကြိုက်နှစ်သက်ရာနဲ့ ထည့်ပြီး သုပ်ပေးနိုင်ပါတယ် .....
ရခိုင် အာပူလျှာပူသုပ်ဟာ ငါးနဲ့ချက်ထားတဲ့ ငရုတ်သီးကိုအဓိကထားပြီး ချဉ် ငံ စပ်လေးသုပ်စားကြတာဖြစ်ပါတယ်
နောက်ဆုံး အနံ့လေးသင်းအောင် သံပုရာလေးနည်းနည်း ညှစ်ထည့်လိုက်ပါ ........
ပြီးရင်တော့ နံနံပင်လေး အုပ်လိုက်ပါ .....
စစ်တွေဘက်မှာ နံနံပင် ပင်ပေါက်ဖြူဖြူလေးတွေကို ပိုသုံးကြပါတယ် .......
ရခိုင်မုန့်တီ ဟင်းချိုပူပူလေးနဲ့ဆိုရင်တော့ ဖျားနေ ၊ အစားပျက်နေ ၊ အအေးမိ နှာစေးနေတာတွေ ချက်ချင်းပွင့်ထွက်ပြီး လန်းသွားစေမယ့် အစားအစာပါပဲ .........
ရခိုင်မုန့်တီဆိုတာ ရခိုင်တွေအတွက် သဘာဝကပေးတဲ့ လက်ဆောင်ပါပဲ .........................

ရခိုင်ရိုးရာအမဲသားကြောင်ချက် အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲ...



ရခိုင်ရိုးရာအမဲသားကြောင်ချက်

အဆင့်(၃)ဆင့်နဲ့ချက်ထားပါတယ်။နောက်တစ်ခုက ဘာအသားနဲ့ချက်ချက်ရတယ်ဆိုပေမယ့် ကျွန်တော်က အကြောလေးတွေပါတဲ့အမဲသားနဲ့ချက်ပါတယ်။
ချက်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

အကြောပါအမဲသား..........၃၀ သား
ကြက်သွန်နီ........................၃လုံး
ကြက်သွန်ဖြူ.....................၅တက်
ချင်းသေးသေး...................၁တက်
စပါးလင်............................၂ပင်
ငရုတ်သီးစိမ်း.....................၂၀တောင့်
ပင်စိမ်း+ရှမ်းနံနံ................ ..၅ပင်စီ
ငါးပိ........... ကွမ်းသီးလုံးကြီးကြီး၁လုံးခန့်

ပြုလုပ်နည်း

ပထမဆုံး ကိုယ်သုံးမယ့်အသားကို ၁.၅စင်တီမီတာ အတုံးငယ်လေးများတုံးပြီး နနွင်းမှုန့်၊ ငါးပိ၊ ဆား၊ အရသာမှုန့်၊ ရမ်အရက်တစ်ဖုံးခန့်ထည့်နယ်ပြီး (၁၀)မိနစ်ခန့်နှပ်ထားပေးပါ။
ထိုစဥ်အတွင်း ချင်း၊ စပါးလင်ကိုခပ်ကြမ်းကြမ်းနုပ်နုပ်စဥ်းပါ။
အဖုံးလုံသောအိုးတစ်လုံးမှာအရသာနယ်ထားသောအသားကိုထည့်ပါ။
နုပ်နုပ်စဥ်းထားသောချင်း၊ စပါးလင်တွေထည့်မွှေပြီးဆီဟင်းချက်ဇွန်းတစ်ဇွန်းခန့်လောင်းထည့်ကာ အဖုံးအုပ်ပြီးစတင်အပူပေးပါ။
ပထမအဆင့် အသားအိုးတည်ထားချိန်မှာ
ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေကိုနုပ်နုပ်စဥ်းထားပါ။
ပထမတစ်ရစ်ရေခမ်းဆီပြန်လာတာနဲ့နုပ်နုပ်စဥ်းထားတဲ့ကြက်သွန်နီ၊ ဖြူ ထည့်ပါ။
ငရုတ်သီးစိမ်း၊ ပင်စိမ်း၊ ရှမ်းနံနံတို့ကိုလဲခပ်ကြမ်းကြမ်းစဥ်းထားပါ။
ဒုတိယတစ်ကြိမ်ရေခမ်းဆီပြန်လာလျှင်ငရုတ်သီးစိမ်း၊ ပင်စိမ်းတွေထည့်ပြီးသမအောင်မွှေပြီး (၃)မိနစ်ခန့်အဖုံးအုပ်ထားပါ။

" ငါးဘဲပုဇွန်ဆိတ် အိုးကပ် " ချက်နည်းသိချင်ရင်တော့ ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ...


" ငါးဘဲပုဇွန်ဆိတ် အိုးကပ် "

ချက်နည်းသိချင်ရင်တော့

ကြက်သွန်ဖြူနီဂျင်းကြိတ် ဆီသတ်ပါ

နနွင်းငြုပ်သီးအရောင်တင်နည်းနည်းစီထည့်ပါ

ကြက်သွန်ဆီသတ်ခြောက်ရင် ငံပြာရည်ထည့်ပါ

ခရမ်းချဉ်သီးကြိတ်ထားတာထည့်ပါ

ခရမ်းချဉ်သီးခြောက်ရင် ငါး ပုဇွန်ဆိတ်ဆားနနွင်းနယ်ထားတာထည့်ပါ

ရေခန်းရင် ရေနည်းနည်းထည့်ပါ

မီးနည်းနည်းနဲ့ တည်ပါ

ရေခန်းခါနီးငြုပ်သီးစိမ်း ပင်စိမ်းအုပ်ပါ

ကျက်ရင်ရပါပြီ

Credit Lay Ma Ma

မူရင်း
https://m.facebook.com/story.php?story_fbid=561247434825011&id=100028192772873